သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အရာရှိ မြန်မာခရီးစဉ် နိုင်ငံခြားရေးဌာန အတည်ပြု


အမေရိကန် အစိုးရ ထိပ်တန်း အရာရှိကြီး တဦး ဒီသီတင်းပတ်ထဲ မြန်မာပြည်ကို သွားရောက်စဉ် စစ်အစိုးရနိုင်ငံခြားရေး ဝန်ကြီးနဲ့ရော တခြား ပုဂ္ဂိုလ်များနဲ့ပါ တွေ့ဆုံခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက အတည်ပြုလိုက်ပါပြီ။ အမေရိကန် နိုင်ငံခြားရေးဌာန အရှေ့တောင်အာရှရေးရာ ဌာနမှူး စတီဖင် ဘလိတ် အင်္ဂါနေ့က မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံခဲ့သလို အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနဲ့ရော တိုင်းရင်းသား လူနည်းစု အဖွဲ့အစည်းများက ကိုယ်စားလှယ်များနဲ့ပါ တွေ့ဆုံခဲ့ကြောင်း ဗုဒ္ဓဟူးနေ့မှာ အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ကြေညာပါတယ်။

စတီဖင်ဘလိတ်(Stephen Blake) မြန်မာ စစ်အစိုးရနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံပေမဲ့ မြန်မာ နိုင်ငံကို ထားရှိတဲ့ အမေရိကန် ရဲ့သဘောထား ကတော့ မပြောင်းလဲပါဘူး။ သမ္မတ ဘားရက်ခ် အိုဘားမား အစိုးရက ဝါဒသဘောထား ပြန်လည် သုံးသပ် နေပေမဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဘက်ဆီ ပြောင်းလဲရေးကိုသာ ဆက်လက် အားပေးသွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံတာ မဟုတ်မမှန်ဘူးလို့ ငြင်းဆိုတာဟာ သီရိလင်္ကာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ရောဘတ် ဗလိတ်ကို ညွန်ကြားရေးမှူး စတီဖင် ဘလိတ်နဲ့ လူချင်းမှား ကိုးကား မိတဲ့အကြောင်းကို အမေရိကန် နိုင်ငံခြားရေးဌာနက ရှင်းပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG