တရုတ်ပြည်မှာ ကလေးတွေ ထောင်သောင်းနဲ့ချီပြီး ဖျားနာစေခဲ့တဲ့ အဆိပ်သင့်နို့မှုန့်များ ထုတ်လုပ်ရောင်းချသူ ၃ ယောက်ရဲ့ အယူခံလွှာများကို တရုတ်နိုင်ငံမြောက်ပိုင်း တရားရုံးက ပယ်ချလိုက်ပါတယ်။
အရှုပ်တော်ပုံရဲ့ ဗဟိုဖြစ်တဲ့ ဆန်လုခရု နို့ထွက်ပစ္စည်းလုပ်ငန်း သဘာပတိ အမျိုးသမီး တီရာဝမ်ဝှာအပေါ် သေဒဏ်ပေးထား တာကို ဟိုင်ဘေးပြည်နယ် ပြည်သူ့အဆင့်မြင့် တရားရုံးက အတည်ပြုလိုက်ပြီး သူမရဲ့ အယူခံလွှာကို ပယ်ချလိုက်ပါတယ်။
စက်မှုလုပ်ငန်းသုံး မယ်လမင်း ဓာတုပစ္စည်းများ ထည့်သွင်းတဲ့ ပရိုတိန်းနို့မှုန့် ထုတ်လုပ် ရောင်းချလို့ သေဒဏ်ပေးခံရသူ ၂ ယောက်ရဲ့ အယူခံလွှာများကိုလည်း တရားရုံးက ပယ်ချလိုက်ပါတယ်။
အဲဒီအဆိပ်သင့်နို့မှုန့် သောက်သုံးမိတဲ့ ကလေး ၃၀၀,၀၀၀ လောက် ဖျားနာကြပြီး အဲဒီထဲက ၆ ယောက်ထက်မနည်း သေဆုံး ခဲ့ရပါတယ်။