သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်ရဲ့ အာဖဂန် မဟာဗျူဟာသစ်


သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်
နိုင်ငံများဆိုင်ရာ အမေရိကန်ဗျူဟာသစ်ဟာ ထောင်ဂဏန်းများနဲ့ချီကာ တပ်ဖွဲ့ တွေ ထပ်ပို့ရေးနဲ့ ဒေသတွင်း သံခင်းတမန်ခင်းများ ပြုလုပ်သွားဖို့ဖြစ်တယ်လို့ ထည့်သွင်း ကြေညာသွားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တို့ကို အစိုးရအဖြစ်က ဖယ်ရှားလိုက်ပြီး ၇ နှစ်
ကြာလာပေမယ့် အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့များအပေါ် တိုက်ခိုက်မှုတွေ တိုးပြီး လာနေတယ်၊ ဗျူဟာသစ်ရဲ့ ရည်မှန်းချက်ကတော့ အယ်လ်ကိုင်းဒါးနဲ့ မဟာမိတ် တွေကို တန့်သွားအောင်၊ ပျက်သွားအောင်၊ ရပ်သွားအောင် လုပ်ရေးဖြစ်တယ်။ ပါကစ္စတန်မှာ သူတို့ ကွန်းခိုနေရာကနေ ဖယ်ရှားရေး၊ အာဖဂန်နစ္စတန်နိုင်ငံမှာ ပြန်ပြီး စုမလာရေးတို့ဖြစ်တယ်လို့ သမ္မတအိုဘားမားက သောကြာနေ့မှာ ကြေညာ ရင်း ရှင်းလင်း ပြောဆိုသွားပါတယ်။

အရင်ကကြေညာထားပြီးဖြစ်တဲ့ အာဖဂန်နစ္စတန်သို့ အမေရိကန်တပ်ဖွဲ့ ၁၇,၀၀၀ ထပ်ပို့ရေးအပြင် နောက်ထပ် တပ်ဖွဲ့ဝင် ၄,၀၀၀ တိုးသွားမယ်လို့လည်း ကြေညာသွားပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အခြေခံအအောက်အအုံနဲ့ ဒီမိုကရေစီရေးအတွက် အထောက်အကူပြုဖို့ ငွေ ဒေါ်လာသန်းပေါင်း ၁,၅၀၀ ခွင့်ပြုပါလို့ ကွန်ဂရက်စ်လွှတ်တော်ကို သမ္မတ အိုဘားမားက တောင်းခံထားပါတယ်။

သမ္မတအိုဘားမားရဲ့ ဗျူဟာသစ်ကို အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် ခေါင်းဆောင်များက ကြိုဆိုလိုက်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG