သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှု ကုလ ရှုတ်ချ


မြန်မာပြည်မှာ လူ့အခွင့်အရေးတွေကို အစီအစဉ်ချမှတ်ပြီး ချိုးဖောက်နေတဲ့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

သောကြာနေ့က အတည်ပြုလိုက်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပြဋ္ဌာန်းချက်ထဲမှာ နိုင်ငံရေးအကြောင်းပြု ဖမ်းဆီး နေတာတွေ ရပ်ပါ၊ နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးပါလို့ စစ်အစိုးရကို တောင်းဆိုထားပါတယ်။

မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေများ ဂရုတစိုက်စောင့်ကြည့်ဖို့ လိုအပ်နေသေးလို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး တောမတ်စ်အိုဟေး ကင်တားနား (Tomas Ojea Quintana) ကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သက်တမ်း နောက်တနှစ် တိုးပေးလိုက်ပါတယ်။

ဒီအဆိုကို ဥရောပနိုင်ငံများက တင်သွင်းကြတာဖြစ်ပြီး ရုရှနဲ့ အာရှနိုင်ငံတချို့က ဆန့်ကျင်ကြပါတယ်။ ကုလသမဂ္ဂဆိုင်ရာ စစ်အစိုးရသံအမတ် ဦးဝဏ္ဏမောင်လွင်က ဒီပြဋ္ဌာန်းချက်ကို ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG