သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဗျူဟာသစ် အာဖဂန် ကြိုဆို


အမေရိကန်ရဲ့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ဆိုင်ရာ မဟာဗျူဟာအသစ်ဟာ အာဖဂန်လူထု မျှော်လင့်နေတဲ့ပုံစံ အတိအကျပဲလို့ဆိုပြီး အာဖဂန်သမ္မတ ဟာမစ်ဒ် ကာဇိုင်း (Hamid Karzai) က အပြည့်အ၀ ထောက်ခံလိုက်ပါတယ်။ သူ မျှော်လင့် ထားတာထက်တောင် ပိုကောင်းနေပါသေးတယ်ဆိုပြီး ဒီကနေ့လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ မစ္စတာကာဇိုင်းက ချီးကျူးပြောဆိုခဲ့တာပါ။

အယ်လ်ကိုင်းဒါးလက်နက်ကိုင်တွေနဲ့ သူတို့ရဲ့မဟာမိတ်တွေကို နှိမ်နင်းဖို့ တပ်တွေ ပိုပြီးစေလွှတ်မယ့်အကြောင်းနဲ့ ဒေသတွင်း သံတမန်ရေးနည်းလမ်းကို ပိုပြီး အသုံးပြုသွားမယ့်အကြောင်း သမ္မတအိုဘားမား ပြောအပြီး နောက်တရက်မှာပဲ အာဖဂန်ခေါင်းဆောင်က အခုလို ချီးကျူး ထောက်ခံခဲ့တာပါ။ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်က အခြေအနေတွေဟာ ပိုပိုပြီး အန္တရာယ်ရှိလာနေတယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် နောက်လတွေမှာစေလွှတ်မယ့် တပ်ဖွဲ့ဝင်အသစ် ၁၇,၀၀၀ အပြင် အာဖဂန် လက်နက် ကိုင် တပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့ နောက်ထပ် အမေရိကန်တပ်ဖွဲ့ဝင် ၄,၀၀၀ ကို စေလွှတ်မှာဖြစ်ပါတယ်။

ဒေသတွင်း တည်ငြိမ်မှုရဖို့ မဟာဗျူဟာအသစ်ကို ပါကစ္စတန် တာဝန်ရှိသူတွေကလည်း သောကြာနေ့က ချီးကျူး ပြောဆိုခဲ့ ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG