သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ရေကာတာ ကျိုးပေါက်မှု သေဆုံးသူ ၉၆ဦးရှိပြီ


အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဆင်ခြေဖုံးမှာ ရေကာတာတခု ကျိုးသွားတာကြောင့် ရေလွှမ်းမိုးပြီး အသေအပျောက်နှုန်းဟာ အခု တနင်းနွေနေ့မှာ ၉၆ဦးအထိ ရှိသွားပါပြီ။ ရေတံတိုင်းကြီးက အိမ်တွေကို လွှမ်းမိုးသွားတာကြောင့် ပျောက်ဆုံးနေတဲ့ ဒေသခံ တရာကျော်ကို ကယ်ဆယ်ရေးလုပ်သားတွေကတော့ ဆက်ပြီး ရှာဖွေနေဆဲရှိပါတယ်။

ရာနဲ့ချီတဲ့ စစ်သားတွေ ရဲတွေနဲ့ ကယ်ဆယ်ရေးလုပ်အားပေးသူတွေဟာ ရွှံ့တွေ အပျက်အစီးတွေကြားထဲမှာ ပျောက်ဆုံးသူ တွေကို ရှာဖွေနေသလို၊ ကျန်သူတွေကတော့ အနီးအနား မြစ်ကမ်းပါးတလျှောက် ရှင်းလင်းရေးလုပ်နေကြပါတယ်။ မိုးတွေ သဲသဲမဲမဲ ရွာသွန်းတာကြောင့် ဂျာကာတာမြို့ပြင်က ရေကာတာဟာ သောကြောနေ့က ကျိုးပေါက်သွားတာပါ။

ဒီနောက်တော့ ရေကုဗမီတာ နှစ်သန်းဟာ အိမ်တွေကို တိုက်ဖျက်သွားပြီး အဆောက်အဦး ရာနဲ့ချီပြီး ရေလွှမ်းခံခဲ့ရပါတယ်။ အဲဒီ ရေကာတာ ကျိုးတဲ့အချိန်မှာ လူအများအပြား အိပ်ပျော်နေချိန်မို့ ထွက်ပြေးတိမ်းရှောင်ဖို့ အချိန်မရလိုက်ကြပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG