သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား ဥရောပခရီးစဉ် သွားရောက်မည်


သမ္မတ အိုဘားမားဟာ စက်မှုထိပ်သီး ညီလာခံ တက်ရောက်ဖို့ လန်ဒန်မြို့ကို အင်္ဂါနေ့မှာ ထွက်ခွါတော့မှာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတ အိုဘားမားရဲ့ အမေရိကန် သမ္မတအဖြစ်နဲ့ ပင်လယ်ရပ်ခြား ဥရောပ ခရီးစဉ်ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကို အာရုံစိုက် ဆွေးနွေးကြမယ့် G20 စက်မှုနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ ထိပ်သီးညီလာခံကို လန်ဒန်မြို့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အဲဒီ ညီလာခံမှာ အမေရိကန် ပြည်ထောင်စုရဲ့ ကိုယ်စား သမ္မတ အိုဘားမားက ဆွေးနွေးချက် တွေကို နားထောင်ပေးမှာ ဖြစ်သလို ဦးဆောင်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ရောဘတ် ဂဘ်စ် က မနေ့က ပြောဆိုသွားပါတယ်။

G20 ထိပ်သီးညီလာခံရဲ့ တရားဝင် အစီအစဉ်တွေ အပြင် ဗြိတိန်၊ အိန္ဒိယ၊ တရုတ်၊ ဆော်ဒီ အာရေးဗျ နိုင်ငံက ခေါင်းဆောင် တွေနဲ့ သမ္မတ အိုဘားမား တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ G20 ညီလာခံပြီးရင် ပြင်သစ်နိုင်ငံကို သွားရောက်ပြီး ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ အဲဒီကနေ ဂျာမနီကို ခရီးဆက်ပြီး ဂျာမနီ ၀န်ကြီးချုပ် အင်ဂျလာ မာကယ်လ်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

NATO လုပ်ငန်း အစည်းအဝေးကိုလည်း သမ္မတ အိုဘားမား က ဒီ ဥရောပ ခရီးစဉ်အတွင်းမှာ တက်ရောက်ဦးမှာ ဖြစ်ပါတယ်။ ချက် သမ္မတနိုင်ငံနဲ့ တူရကီ နိုင်ငံကိုလည်း သမ္မတ အိုဘားမား သွားရောက်ဖို့ အစီအစဉ် ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG