သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုတိုက်ဖျက်ရေး ပါကစ္စတန်တာဝန်ယူမှု အမေရိကန် မျှော်လင့်


အာဖဂန်နစ္စတန် နိုင်ငံနဲ့ နယ်နိမိတ်ချင်း ခြားထားတဲ့ နေရာတဝိုက်မှာ အကြမ်းဖက်သမားတွေရဲ့ စိုးမိုး ပျော်စံရာနေရာ ဖြစ်နေတာကို အမြစ်က မကျန် သုတ်သင်ဖို့အတွက် ပါကစ္စတန် နိုင်ငံ လိုအပ်နေတဲ့ လက်နက်တွေကို အမေရိကန် နိုင်ငံက ပေးမှာ ဖြစ်ပြီး ပါကစ္စတန် နိုင်ငံရဲ့ တာဝန်ယူမှုကိုတော့ အမေရိကန် နိုင်ငံဘက်က မျှော်လင့်ထားတယ်လို့ သမ္မတ ဘရက်ခ် အိုဘားမား က ပြောပါတယ်။ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နယ်နိမိတ် တလျှောက်မှာ ရှိတဲ့ လက်နက်ကိုင် တိုက်ခိုက်နေသူ တွေကို နှိမ်နှင်းတဲ့ နည်းဗျူဟာသစ် အရ အမေရိကန်တပ်တွေကို ပါကစ္စတန်နိုင်ငံမှာ ချထားပေးမှာ မဟုတ်ဘူးလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

စီဘီအက်စ် ရုပ်သံရဲ့ တနင်္ဂနွေ မေးမြန်းခန်းမှာ ပါကစ္စတန် နိုင်ငံဟာ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ပါကစ္စတန် နိုင်ငံရဲ့ အယ်ခိုင်းဒါး တိုက်ဖျက်ရေးအတွက် အမေရိကန် နိုင်ငံက အတူလက်တွဲ ဆောင်ရွက်မယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ သောကြာနေ့က ကြေညာခဲ့တဲ့ နည်းဗျူဟာ အသစ်အရ အမေရိကန် တပ်တွေဟာ ပါကစ္စတန် နိုင်ငံထဲက အကြမ်းဖက်သမားတွေကို တိုက်ဖျက်ဖို့အတွက် ပါကစ္စတန်နဲ့ ညှိနှိုင်းပြီးမှ ဆောင်ရွက်မယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG