အမေရိကန် နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိတဦးဖြစ်တဲ့ အာရှပြည်မကြီးနဲ့ အာရှပစ္စဖိတ်ရေးရာ တာဝန်ခံညွှန်ကြားရေးမှုး စတီဖန် ဘလိက် (Stephen Blake) ရဲ့  မြန်မာပြည်ခရီးစဉ်ကို မြန်မာသတင်းစာတွေမှာ အမေရိကန်-မြန်မာ နှစ်နိုင်ငံအပြန်အလှန် ဆက်ဆံရေး တိုးမြှင့်မှု ခြေလှမ်းတရပ်အဖြစ် ဖော်ပြချက်ကြောင့် ဒီခရီးစဉ်ဟာ သမ္မတ အိုဘားမား နဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံခြားရေး မူဝါဒမှာ အပြောင်းအလဲ ဖော်ညွှန်းနေပြီးဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ လောလောဆယ်အထိ မြန်မာနိုင်ငံ စစ်အစိုးရအပေါ်အထိ ယခုအချိန်အထိ သဘောမူဝါဒ ပြောင်းလဲမှု တစုံတရာမရှိသေးပါဘူးလို့ အမေရိကန်နိုင်ငံခြားရေးက ထုတ်ဖော်ငြင်းဆိုခဲ့ပေမယ့် မြန်မာစစ်အစိုးရကတော့ အမေရိကန်အစိုးရအပေါ် ချည်းကပ်မှု ပြောင်းလဲလိုတဲ့ သဘောတွေကို တွေ့မြင်နေရပါတယ်။ ဒီအကြောင်းအခြေအနေတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင် (ဇင်းမယ် - Chiang Mai) မြို့ နေ မြန်မာအရေးလေ့လာသုံးသပ်နေသူ ဦးဘိုဘိုကျော်ငြိမ်း ကို ဗွီအိုအေ မြန်မာသတင်း ဌာနမှုး ဦသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။