သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရဲသင်တန်းကျောင်း ၈ နာရီကြာ စီးနင်းခံရမှု အဆုံးသတ်


ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ ရဲသင်တန်းကျောင်းတခုကို သေနတ်သမားတွေက ဒီနေ့မနက် စောစောပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ၈ နာရီနီးပါး အပြန်အလှန် ပစ်ခတ်ခဲ့ရာမှာ အခု ပုံမှန် အခြေအနေအတိုင်း ပြန်ဖြစ်သွား ပါပြီ။

အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း သေနတ်သမား ၄ ယောက် သေဆုံးခဲ့ပြီး ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပါကစ္စတန် လုံခြုံရေးတွေက ပြောပါတယ်။

ဒီနေ့မနက် အစောပိုင်းက သေနတ်သမား ၁၀ ယောက်လောက်ဟာ ရဲသင်တန်းကျောင်းအတွင်း ဝင်ရောက်ခဲ့ပြီး မောင်းပြန် ရိုင်ဖယ်သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့ကြရာမှာ ရဲအရာရှိလောင်း ၈ ယောက်ထက်မနည်း သေဆုံးပြီး ၉၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ပါကစ္စတန်ကလာတဲ့ နောက်ဆုံးသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG