မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ဆက်လက် ချုပ်နှောင်ထားတာဟာ နိုင်ငံတကာ ဥပဒေနဲ့ မြန်မာနိုင်ငံအတွင်းက ဥပဒေတွေကို ချိုးဖေါက်နေတယ်ဆိုပြီး ကုလသမဂ္ဂရဲ့ ဥပဒေမဲ့ ဖမ်းဆီးမှု တားဆီးရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက်ကို အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော် အခြေစိုက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားနေတဲ့ ဖရီးဒန်းနောင်း အဖွဲ့ဆီကို မတ်လ ၂၃ ရက်နေ့မှာ ပေးပို့ခဲ့တာဖြစ်ပါတယ်။ ဖရီးဒန်းနောင်း အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အတွက် အကျိုးဆောင် ရှေ့နေ ဂျဲရက် ဂျန်ဆာက ဗွီအိုအေကို ရှင်းပြပြောဆိုပါတယ်။ အကြောင်းစုံကို ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။