၂၀၀၉ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ မဂ္ဂဇင်း တခုက ကောက်ယူတဲ့ ကမ္ဘာ့အဆိုးဝါးဆုံး အာဏာရှင် နိုင်ငံ ခေါင်းဆောင် ၁၀ ယောက် စာရင်းမှာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်း ထိပ်တန်းနေရာမှာ ဆက်ရှိနေပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဒီလို အဆိုးဝါးဆုံး အာဏာရှင်တွေရဲ့ ထိပ်တန်းနေရာမှာ ရွေးချယ်ရတဲ့အကြောင်းတွေ၊ ကျန်တဲ့ နိုင်ငံ ခေါင်းဆောင် ၉ ယောက်က ဘယ်သူတွေလည်း ဆိုတာတွေကို ဒေါ်ခင်စိုးဝင်းက ဆက်ပြီးတင်ပြပါလိမ့်မယ်။