သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကားကုမ္ပဏီကြီးတွေ ပြုပြင်ရေး သမ္မတအိုဘားမား ရာဇသံပေး


အမေရိကန်နိုင်ငံက မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးနှစ်ခုဟာ အစိုးရဆီက အရေးပေါ်ချေးငွေ ဒေါ်လာဘီလီယံ များစွာ ယူထားပြီး အစိုးရအထောက်အပံ့ ဆက်လက် ရရှိလောက်အောင် လုံလောက်တဲ့အပြောင်းအလဲတွေ မလုပ်ကြဘူးလို့ သမ္မတ အိုဘားမားက ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဂျင်နရယ်မော်တော် ကုမ္ပဏီဥက္ကဋ္ဌ နှုတ်ထွက်ပါ၊ ကုမ္ပဏီအနေနဲ့လည်း ပိုမို ကောင်းမွန်တဲ့ စီမံချက်တရပ်ကို ရက်ပေါင်း ၆၀ အတွင်း တင်သွင်းပါလို့ သမ္မတ အိုဘားမားက တောင်းဆိုလိုက်ပါတယ်။

တတိယအကြီးဆုံး အမေရိကန် မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ ခရိုင်ဆလာက ပိုမို အားနည်းပြီးတော့ တခြား ကုမ္ပဏီ နဲ့ မပူးပေါင်းရင် လုပ်ငန်းဆက်ပြီး လုပ်နိုင်မှာမဟုတ်ဘူး၊ ဒါ့ကြောင့် ဖီးယက်နဲ့တွဲပြီး လုပ်မယ်ဆိုတာကို ခပ်မြန်မြန် လုပ်ပါလို့ သမ္မတအိုဘားမားက ရက် ၃၀ အချိန် ပေးလိုက်ပါတယ်။

သမ္မတ ပြောပြီးပြီးချင်း မကြာခင်မှာပဲ ဖီးယက်နဲ့ အပူတပြင်း သဘောတူညီချက် ရရှိထားပြီလို့ ခရိုင်ဆလာကုမ္ပဏီက ကြေညာလိုက်ပါတယ်။

အမေရိကန် မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့အကြွေးယူထားတာတချို့ လျှော်ပစ်ရေး၊ အခက်အခဲ အသိအမှတ်ပြုရေး၊ လုပ်ငန်း ပြန်လည် လည်ပတ်နိုင်ရေးတွေအတွက် ဒေဝါလီခံရတဲ့ပုံစံမျိုးနဲ့ လုပ်လာနိုင်ဖွယ် ရှိတယ် လို့ လည်း သမ္မတ အိုဘားမားက ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG