သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခဲဆိပ်သင့် မြန်မာတိုင်းရင်း ကလေးသူငယ်နာပျောက်ဆေး


မတ် ၂၆၊ ၂၀၀၉။ အခုရက်ပိုင်း မြန်မာနိုင်ငံတွင်း အစားအစာအချို့မှာ အန္တရာယ်ရှိတဲ့ဆိုးဆေးတွေ ပါဝင်နေတယ်ဆိုတဲ့ သတင်းကစပြီး မြန်မာအစားအစာတွေရဲ့ ဘေးကင်းစိတ်ချရမှုနဲ့ပတ်သက်လို့ မေးခွန်းထုတ်နေကြတဲ့အချိန်မှာပဲ၊ မြန်မာတိုင်းရင်းသားတွေအများအပြားရောက်ရှိနေတဲ့ အမေရိကန်ပြည်ထာင်စု ဖို့ဝိန်းမြို့မှာ မြန်မာတိုင်းရင်း ကလေးဆေးအချို့ထဲ ခဲဆိပ်သင့်နေတာတွေ့ရတယ်လို့ ကျန်းမာရေးအဖွဲ့အစည်းတွေက သတိပေးချက် ထုတ်ပြန်ပါတယ်။

ဖို့ဝိန်းရောက် မြန်မာကလေးတွေမှာ ခဲဆိပ်သင့်နေတာတွေကို အတော်ကြာကတည်းက သတိထားမိခဲ့ကြပါတယ်။ ဒါကြောင့် မြန်မာကလေးတွေရှိတဲ့ ပတ်ဝန်းကျင်ကိုရော၊ မြန်မာကလေးတွေ စားသုံးတဲ့အစားအစာ ဆေးဝါးတွေကိုပါ ကျန်းမာရေးဌာနတွေက စစ်ဆေးခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ မြန်မာအများသုံးစွဲလေ့ရှိတဲ့ ကလေး ဘယဆေး နှစ်မျိုးမှာ ခဲနဲ့ အာဆင်းနစ် ပါဝင်မှု မြင့်မားနေတာ ဓါတ်ခွဲတွေ့ရှိပါတယ်။

ဒေါ်တွေး ဂေါမုတ္တဆေးနဲ့ ဒေါ်ကျင်သူငယ်နာဝမ်းနုတ်ဆေးတွေမှာ အဆိပ်သင့်တာတွေ တွေ့ရတယ်ဆိုပြီး အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့က St.Joseph Community ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က သတိပေးချက် ထုတ်ပြန်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတလွှား အသုံးများတဲ့ ကလေးသူငယ်နာပျောက်ဆေးလို မြန်မာတိုင်းရင်းဆေးတွေရဲ့ ကျန်းမာရေးညီညွတ်မှု စံချိန်စံညွန်းတွေအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒါကြောင့် မြန်မာတိုင်းရင်းသားဆေးတွေရဲ့ ဘေးကင်းလုံခြုံစိတ်ချရမှုနဲ့ပတ်သက်ပြီး ဒီအပတ်ကျန်းမာရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက စီစဉ်တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG