တာလီဘန်နဲ့ အယ်လ်ကိုင်းဒါး အဖွဲ့ဝင်တွေထဲက တချို့နဲ့ ပြန်လည်သင့်မြတ်ရေး အာဖဂန်အစိုးရက နှိုးဆော်တာကို အမေရိကန် ပြည်ထောင်စုက ထောက်ခံလိုက်ပါတယ်။
အကြမ်းဖက်အဖွဲ့အစည်းထဲကို ယုံကြည်ချက်ကြောင့် မဟုတ်ဘဲ စိုးရိမ်ထိတ်လန့်မှုကြောင့် ဝင်ခဲ့တဲ့လူတွေကို အကြမ်းဖက် ဝါဒ စွန့်လွှတ်ဖို့ အခွင့်အလမ်း ပေးသင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။
အာဖဂန်နစ္စတန်မှာ ဖြစ်ပျက်နေတာတွေဟာ မိမိတို့အားလုံးရဲ့ကိစ္စ ဖြစ်တဲ့အကြောင်း နိုင်ငံနဲ့ အဖွဲ့အစည်းပေါင်း ၈၀ ကျော် က ကိုယ်စားလှယ်တွေ တက်ရောက်ပြီး The Hague မြို့မှာ တရက်ကြာကျင်းပတဲ့ ညီလာခံအစမှာ ကလင်တန်က အခုလို ပြောခဲ့တာပါ။
အာဖဂန်သမ္မတ ဟာမစ်ဒ် ကာဇိုင်း (Hamid Karzai) ကလည်း သူ့နိုင်ငံဟာ အရေးကြီးတဲ့ လမ်းဆုံလမ်းခွမှာ ရောက်နေတဲ့ အကြောင်း ညီလာခံမှာ ပြောပါတယ်။
အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေ တည်ဆောက်ရေး ကူညီကြဖို့ ဟာမစ်ဒ် ကာဇိုင်းက နိုင်ငံတာအသိုက်အဝန်းကို နှိုးဆော်ထား ပါတယ်။ အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုကို ကျော်လွှားနိုင်ဖို့အတွက် ဒါဟာ အသေချာဆုံးနဲ့ အသက်သာဆုံးနည်းလမ်း ဖြစ်တယ်လို့ ဆိုပါတယ်။