သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုးဆေးပါ မြန်မာလက်ဖက် မလေးရှား ပိတ်ပင်


မြန်မာ လက်ဖက်မှာ ဆိုးဆေးတွေ ထည့်ထားလို့ ကျန်းမာရေး ထိခိုက်ကြောင်း စင်္ကာပူ နိုင်ငံနဲ့ မြန်မာပြည်တွင်းမှာ ကြေညာ ခဲ့ပြီးနောက် မလေးရှားနိုင်ငံမှာလည်း စတင် စစ်ဆေးနေပါပြီ။ မလေးရှား ကျန်းမာရေး ဝန်ကြီးဌာန အစားအစာ ဘေးကင်းရေး တာဝန်ခံချုပ် လူရဝါအီနင် မိုဟာမက် ဟော့မင် က စင်္ကာပူ နိုင်ငံမှာ မြန်မာ လက်ဖက်စိုတွေထဲ ဓာတု ဆိုးဆေးတွေ ထည့်သွင်း ခြင်းဟာ ဥပဒေ ချိုးဖောက်ရာ ရောက်တာမို့ ဒဏ်ငွေဒေါ်လာ ၅၀၀၀ ရိုက်နိုင်ပြီးတော့ ထောင်ဒဏ် ၅နှစ်လည်း ချမှတ် နိုင်တယ် လို့ ပြောဆိုကြောင်း မလေးရှား နိုင်ငံပိုင် ဘနားမား သတင်း အေဂျင်စီ က ကိုးကားကာ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန် ပြောကြားပါ တယ်။

အစောပိုင်းက စင်္ကာပူနိုင်ငံမှာ ယုဇန အပါအဝင် မြန်မာလက်ဖက်စို အမျိုးပေါင်း ၂၀ကျော် စစ်ဆေးပြီးတော့ စားသုံးသူများရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ကင်ဆာရောဂါ ဖြစ်စေနိုင်လို့ ရောင်းချခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

မြန်မာပြည်တွင်းမှာလည်း လက်ဖက် အမျိုးပေါင်း ၁၀၀ ကျော် ဆိုးဆေးတွေ ထည့်ထားတာ တွေ့ရှိရလို့ စားသုံးခြင်းရှောင်ကြဖို့ ကျန်းမာရေးဌာနက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG