အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ စီးပွားရေးအားကောင်းမှုကြောင့် မြန်မာ၊ ကမ္ဘောဒီးယား နဲ့ လာအိုနိုင်ငံတို့က ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည် ၂ သန်းဟာ ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြပြီး သူတို့တတွေရဲ့ အခွင့်အရေးတွေကို အိမ်ရှင်နိုင်ငံတွေက ကာကွယ်စောင့်ရှောက်ပေးခြင်း မရှိဘူးလို့ ဝေဖန်ထားတဲ့ အစီရင်ခံစာတစောင်ကို IOM ခေါ် နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ကြီးက အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ အခုလို အခြေအနေတွေအောက်မှာ ရောက်ရှိနေကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ရုန်းကန်လှုပ်ရှားမှုအကြောင်း တစေ့တစောင်းကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။