သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲဖြစ်


ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ် နှစ်နိုင်ငံ အငြင်းပွားနေတဲ့ နေရာမှာ ထိုင်းစစ်တပ်နဲ့ ကမ္ဘောဒီးယား စစ်တပ်အကြား အပြန် အလှန် ပစ်ခတ်ခဲ့ကြလို့ ထိုင်းစစ်သား ၂ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ထိုင်းနိုင်ငံက ပြောပါ တယ်။

၁၁ ရာစုက တည်ထားခဲ့တဲ့ ပရာ ဝိဟာရ (Preah Vihear) ရှေးဟောင်း ပုထိုးတော်အနီးမှာ ဒီနေ့မနက်က ခေတ္တ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာတော့ ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့ကြတယ်လို့ ထိုင်းဘက်ကရော ကမ္ဘောဒီးယားနိုင်ငံဘက်ကပါ အတည်ပြုပြောဆိုကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဘက်က အသေအပျောက် ဒဏ်ရာရသူစာရင်းနဲ့ ပတ်သက်လို့ သတင်းအတိအကျ မသိရသေးပါဘူး။

မနေ့က အဲဒီနယ်မြေမှာ ထိုင်းစစ်သားတယောက် မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်ပြတ်သွားခဲ့ပါသေးတယ်။ အဲဒီစစ်သားဟာ ကမ္ဘောဒီးယားပိုက်နက် နယ်မြေထဲ ပေ ၂,၀၀၀ ကျော် ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ထိုင်းစစ်တပ်က ဖြစ်တယ်လို့ ကမ္ဘောဒီးယား နိုင်ငံဘက်က ပြောပါတယ်။

ထိုင်းစစ်တပ်ကနေ ကမ္ဘောဒီးယားပိုင်နက်ထဲ နောက်ထပ် ထပ်ပြီး ကျူးကျော်ခဲ့မယ်ဆိုရင် ထပ်ပြီး ပစ်ခတ်ရပါလိမ့်မယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) က အင်္ဂါနေ့က သတိပေးထားပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG