သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်ခ်ပစ်ခတ်မှု ၁၄ ဦး သေဆုံး


အမေရိကန်နိုင်ငံ နယူးယောက်ခ်က ဘင်ဟမ်တန်မှာရှိတဲ့ အေစီအေ လူဝင်မှုကြီးကြပ်ရေး ဗဟိုဌာနမှာ သေနတ်သမားတဦး ရဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ၁၃ ဦး သေဆုံးခဲ့ရပါတယ်။

သောကြာနေ့ သေနတ်ပစ်ခတ်မှုအပြီး အလောင်း ၁၄ လောင်း တွေ့ရတယ်လို့ ဘင်ဟမ်တန်ရဲချုပ် ဂျိုးဇက် ဇီကပ်စ်ကီး (Joseph Zikuski) က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ သေနတ်နဲ့ပစ်ခတ်သူပါ ပါနေမယ်လို့ အာဏာပိုင်တွေက ယုံကြည် ပေမဲ့ အတည်မပြုသေးပါဘူး။ ဘာကြောင့်ပစ်ခတ်တယ်ဆိုတာလည်း မပြောသေးပါဘူး။

ပစ်ခတ်သူဟာ အေစီအေရုံးအနောက်ဘက် တံခါးပေါက်ကို သူ့ကားနဲ့ ပိတ်ရပ်ခဲ့ပြီး အရှေ့တံခါးမကဝင်ပြီး ပစ်ခတ်ခဲ့တယ် လို့ ရဲတွေက ပြောပါတယ်။ အရှေ့ပေါက်က ဧည့်ကြို ၂ ဦးကို အရင်ပစ်ခတ်ခဲ့ပြီး အမေရိကန်နိုင်ငံသား ခံယူဖို့ သင်တန်း တက်နေသူတွေရဲ့ အခန်းကိုအရောက် သင်တန်းသားတွေကို ထပ်မံပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲက ဧည့်ကြိုတဦးမှတပါး ကျန်အားလုံးရဲ့ အလောင်းတွေကို သင်တန်းခန်းမထဲမှာ တွေ့ရတယ်လို့ ရဲတွေက ပြောပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဒီဖြစ်ရပ်အတွက် ထိတ်လန့်တုန်လှုပ်မိသလို သိပ်ကို ဝမ်းနည်းမိတယ်လို့ ပြောကြားပါတယ်။

အေစီအေရုံးဟာ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့အခြေချသူတွေနဲ့ လာရောက် ခိုလှုံနေထိုင်သူတွေ အခြေကျဖို့၊ နိုင်ငံသား ဖြစ်ဖို့နဲ့ မိသားစုပြန်လည်ဆုံဆည်းဖို့ ကိစ္စတွေကို ဆောင်ရွက်ပေးနေတဲ့ရုံး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG