သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Up (အပေါ်၊ အထက်သို့) နဲ့ သုံးစွဲထားတဲ့ အီဒီယံ အသုံးအနှုန်းများ


ဒီတပတ် တင်ပြထားတဲ့ အမေရိကန်အီဒီယံ အသုံးအနှုန်းများမှာ up the world နဲ့ up market တို့ ဖြစ်ပါတယ်။

Up the wall - နံရံပေါ်မှာ လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ ဒီအသုံးကို drive ကြိယာနဲ့ တွဲသုံးပြီး drive up the wall လို့လည်း သုံးစွဲနိုင်ပါတယ်။ အဓိပ္ပါယ်က ရှေ့ဖက်မှာ နံရံကြီးကားဆီးနေတာကြောင့် နံရံကို ကျော်တက်သွားရလိမ့်မယ် ဖြစ်ပါတယ်။ တနည်းအားဖြင့် အဖြေရှာမရတဲ့ အခြေအနေမျိုး၊ စိတ်ကုန်စရာဖြစ်လောက်တဲ့ အခြေအနေမှာလည်း သုံးစွဲနိုင်ပါတယ်။

"At dinner, they sit right next to me starring up with those big sad eyes like they are straving. This drive me up the wall. They won't stop begging until I sneak a bite of food under the table for them, but they are getting as fat as a pair of little pig."

"ညစာစားချိန်မှာ ကျနော့်ခွေးတွေက အစားမစားရသေးလို့ ဝမ်းနည်းတဲ့မျက်လုံးကြီးတွေနဲ့ ကျနော့်ဘေးကထိုင်ပြီး မော်ကြည့်ကြတယ်။ သူတို့အဲသလိုလုပ်တာကြောင့် ကျနော်စိတ်ကုန်မိတယ်။ သူတို့အတွက် စားပွဲအောက်ကနေ အစားတကိုက်စာ ခိုးမပေးချိန်အထိ သူတို့က အဲဒီပုံစံနဲ့ တောင်းနေတယ်။ တခုရှိတာက သူတို့နှစ်ကောင် ဝလာတာ ဝက်ကလေးတွေ ဖြစ်နေပြီ။"

Up market - တိုက်ရိုက်အဓိပ္ပါယ်မှာ အပေါ်ဈေး ဖြစ်ပြီး အီဒီယံအသုံးမှာတော့ လူကုံတန်ကြိုက်တဲ့ လူကုံတန်တွေအတွက် ရည်ရွယ်ရောင်းချပေးတဲ့ ဈေးမျိုး ကုန်ပစ္စည်းမျိုးကို ဆိုလိုပါတယ်။ Up market နဲ့ အဓိပ္ပါယ်တူတဲ့ စကားလုံးကတော့ up scale ဖြစ်ပါတယ်။ ဥပမာ - အရမ်းဈေးကြီးလှတဲ့ Rolls-Royce အမျိုးအစား ဇိမ်ခံမိုတိုကားမျိုးတွေ၊ စိန် (diamond) ဆွဲကြိုးတွေ၊ ဒေါ်လာထောင်ကျော်ပေးရတဲ့ ဂေါက်ရိုက်တံ (golf club sets) များ စတဲ့ ကုန်ပစ္စည်း အသုံးအဆောင်များအတွက် အသုံးပြုနိုင်ပါတယ်။ နောက်ပြီး သူဌေးရပ်ကွက်မှာရှိတဲ့ အိမ်မျိုး၊ ငွေလက်ဖျားသီးနေတဲ့ လူတွေဝယ်ယူတဲ့ ဈေးဆိုင်များကိုလည်း ခေါ်ဆိုပါတယ်။

"Bob, be smart and shop around regular jewel stores. Stay out of those up market places that charge more for the same stone. Remember they have to pay a lot higher rent and spend a lot more on furniture just to impress people like us."
"Bob ဉာဏ်သုံးပြီး ရိုးရိုးလက်ဝက်လက်စားဆိုင်တွေမှာ ဈေးလိုက်စုံစမ်းကြည့်ပါအုန်း။ လူကုံတန်ဈေးဆိုင်မျိုးမှာ အဲဒီ ကျောက်အမျိုးအစားကို ဈေးပိုရောင်းတာရှိတယ်။ သူတို့မှာ ဈေးဆိုင်ခ ပိုပေးရပြီး ငါတို့လို လူတွေအထင်ကြီးအောင် ဆိုင်ပရိဘောဂအကောင်းစားတွေ ခင်းကျင်းထားရတယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG