သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီငလျင် အသက်မသေ ကျန်ရစ်သူတွေကို ရှာဖွေနေဆဲ


အီတလီနိုင်ငံက ငလျင်ကြီး လှုပ်သွားပြီးနောက် ကယ်ဆယ်ရေးဝန်ထမ်းများက အပျက်အစီးပုံအောက် အသက်မသေ ရှင်ကျန်နေသေးသူများအား ရှာဖွေ ဖော်ထုတ် နေစဉ် သေဆုံးသူဦးရေ ၁၅၀ ကျော်သွားပါပြီ။ အလကိမြို့ကြီးဖြစ်တဲ့ အယ်လ် အာကီးလားမြို့ ငလျင်ကြောင့် လူ ၁,၅၀၀လောက် ဒဏ်ရာရကြပြီး တဦးတယောက်ကိုမှ ပစ်မထားပါဘူးလို့ အီတလီဝန်ကြီးချုပ် ဆီလ်ဗီယို ဘာလူစကိုနီ (Silvio Berlusconi) က ပြောပါတယ်။

ငလျင်ဘေးသင့်တဲ့ အဘရူဇိုဒေသမှာ လူ ၁၆,၀၀၀ ကနေ ၂၀,၀၀၀ အထိ နေထိုင်နိုင်
မယ့် ရွက်ထည်တဲများ ထိုးပေးသွားမယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။

အမေရိကန် သိပ္ပံပညာရှင်များက ငလျင်အင်အားကို ၆.၃ လို့ဆိုပြီး အီတလီ ငလျင်
တိုင်းတာရေးမှူးများကတော့ အင်အား ၅.၈ လို့ ဆိုကြပါတယ်။

ပုပ်ရဟန်းမင်းကြီး ဘန်နဒစ် (Benedict) က သေဆုံးသူများနဲ့ ဒဏ်ရာရသူများအတွက် ဗာတီကန်မှာ ၀တ်ပြုဆုတောင်းနေ စဉ် သမ္မတ အိုဘားမားကလည်း ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့လိုက်ပါတယ်။ အရေးပေါ်ရန်ပုံငွေထဲ ဒေါ်လာ ၅၀,၀၀၀ ထည့်ဝင်မယ်လို့ ရောမမြို့ရှိ အမေရိကန်သံရုံးက ကြေညာပါတယ်။

အီတလီဝန်ကြီးချုပ် ဘာလူစကိုနီ ရုရှားသွားမယ့် သူ့ရဲ့ခရီးစဉ်ကို ပယ်ဖျက်လိုက်ပြီး ငလျင်ဘေးသင့်တဲ့ဒေသကို ရောက်ရှိ သွားပါတယ်။ ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) ကလည်း အကူအညီပေးဖို့ ကမ်းလှမ်းလိုက်ကြောင်း သတင်း ရရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG