သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား မွတ်စလင်ကမ္ဘာနှင့် အမေရိကန် ဆက်ဆံရေး ပြန်ကောင်းမွန်စေလို


အစ္စလမ်ဘာသာနဲ့ အမေရိကန်က ဘယ်တော့မှ စစ်ဖြစ်လိမ့်မယ် မဟုတ်ဘူးလို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြေညာခဲ့ပါတယ်။ မွတ်စလင်ကမ္ဘာနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် မစ္စတာအိုဘားမားက တူရကီ ပါလီမန် မှာ တနင်္လာနေ့က မေတ္တာရပ်ခံလိုက်တဲ့အခါ တူရကီလွှတ်တော်အမတ်တွေက သြဘာပေးခဲ့ကြပါတယ်။

မကြာမီနှစ်တွေအတွင်းက တူရကီနဲ့ အခြား အစ္စလမ်ဘာသာ ကိုးကွယ်နေကြတဲ့ နေရာတော်တော်များများမှာ အမေရိကန်နဲ့ ဆက်ဆံရေးက မပြေမလည် ဖြစ်ခဲ့ရပါတယ်လို့ မစ္စတာအိုဘားမားက အသိအမှတ်ပြု ပြောကြားလိုက်ပါတယ်။

ယခင် သမ္မတ ဂျော့ခ်ျဘုရှ် (George Bush) လက်ထက်မှာ အမေရိကန်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ မြင့်မားခဲ့ကြပါတယ်။ အကြမ်းဖက် သမား လို့ သံသယရှိသူတွေအပေါ် ဘုရှ်အစိုးရအဖွဲ့က ပြုမူဆက်ဆံခဲ့ပုံကြောင့်ရော၊ အီရတ်မှာဖြစ်ခဲ့တဲ့ စစ်ပွဲ ကြောင့်ပါ ဂျီဟဒ်ဘာသာရေးစစ်ပွဲ ဆင်နွှဲချင်သူတွေကို သိမ်းသွင်းခဲ့ရာမှာ အကူအညီပေးသလို ဖြစ်ခဲ့တယ်လို့ လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတချို့က ပြောကြပါတယ်။

ဘာသာပေါင်းစုံမကြိုက်တဲ့ အစွန်းရောက်အယူအဆတွေကို အားနည်းသွားအောင် ဆောင်ရွက်ရာမှာ မွတ်ဆလင်ကမ္ဘာနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ အရေးကြီးတယ်လို့ အမေရိကန်က မြင်တဲ့အကြောင်း မစ္စတာအိုဘားမားက တနင်္လာနေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ကိုင်းဒါးစစ်ဆင်ရေး၊ ဆန့်ကျင်ရေးဆိုတဲ့ အချက်ပေါ်မှာပဲ ပူးပေါင်းဆောင်ရွက်ရေးကို အခြေခံထားတာ မဟုတ်ပါဘူး လို့လည်း သူက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG