သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြသူတွေ ဝန်ကြီးချုပ် အဘီဆစ်ကားကို တိုက်ခိုက်


ထိုင်းနိုင်ငံမှာ နိုင်ငံရေးတင်းမာမှု အရှိန်အဟုန် မြင့်လာတာနဲ့အမျှ အကြမ်းဖက်မှုတွေ တိုးလာပြီး ဒီနေ့ဆိုရင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိဂျာဂျီ၀ (Abhisit Vejjajiva) စီးနင်းလာတဲ့ကားကို တိုက်ခိုက် ခဲ့ကြပါတယ်။

အဂတိလိုက်စားမှုနဲ့ အလိုရှိနေတဲ့ ပြည်ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံသူတွေက မတ်လကုန်ပိုင်းကစပြီး ထိုင်းအစိုးရရုံးကို ဝိုင်းရံ ဆန္ဒပြခဲ့ကြပါတယ်။ ဒီနေ့တော့ အခြေအနေဟာ အဆိုးဝါးဆုံး ဖြစ်ပါတယ်။

မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာတော့ သက်ဆင်ထောက်ခံသူဦးရေ ထပ်တိုးအင်အားပြပြီး ဝန်ကြီးချုပ် အဘီဆစ် နှုတ်ထွက် မပေးမချင်း ဆန္ဒပြ တောင်းဆိုကြဖို့ ဆော်သြနေကြပါတယ်။ သက်တမ်း ၄ လပဲရှိသေးတဲ့ အဘီဆစ်အစိုးရ ဖျက်သိမ်းပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေရဲ့ မနက်ဖြန်အစီအစဉ်ကတော့ ထိုင်းအစိုးရရုံးကနေ ထိုင်းဘုရင့်ထိပ်တန်းအကြံပေးပုဂ္ဂိုလ် ပရမ် တင်ဆူလာ နွန်ဒါ (Prem Tinsulanonda) ရဲ့နေအိမ်ကို ချီတက်ကြဖို့ ဖြစ်ပါတယ်။ မစ္စတာ ပရမ် တင် ဆူလာနွန်ဒါဟာ ၂၀၀၆ ခုနှစ်က
မစ္စတာသက်ဆင်ကို ဖြုတ်ချဖို့ အာဏာသိမ်းရာမှာ နောက်ကွယ်က ကြိုးကိုင်ခဲ့တယ်လို့ စွပ်စွဲခံနေရသူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG