သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက် အိုင်စီ ဖျော်ဖြေပွဲ မြန်မာတွေ အဖမ်းခံရ


မတ်လ (၂၉ )ရက်နေ့ ည က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တခုမှာ ဖြေဖျော်ခဲ့တဲ့ အိုင်စီ အိုင်းယွန်း ခရောစ့် တေးဂီတ အဖွဲ့ရဲ့ စင်တင် ဂီတပွဲဟာ မြန်မာ ဂီတပွဲတွေ တောင်းတနေတဲ့ ပြည်ပရောက် မြန်မာ အလုပ်သမားတွေ အတွက် အားရ ပျော်ရွှင်စရာ ဖြစ်ခဲ့ပေမဲ့ ဖျော်ဖြေပွဲကို လာကြတဲ့ ပရိသတ်တွေထဲက ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်ခွင့် လက်မှတ်မရှိသူ အလုပ်သမား (၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရတဲ့အပြင် အိုင်းယွန်းခရောစ့် အဖွဲ့ဝင်တွေ ကိုယ်တိုင်လည်း နိုင်ငံကူး လက်မှတ်၊ ဖျော်ဖြေခွင့် ပါမစ် စတာတွေကို စိစစ်ခံခဲ့ရလို့ စိတ်အနှောက်အယှက် ဖြစ်စရာတွေလဲ ရှိခဲ့ပါတယ်။ အကြောင်းစုံကို ဦးသန်းလွင်ထွန်းက တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG