သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား အီရတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အင်္ဂါနေ့က အီရတ်နိုင်ငံကို ကြိုတင်ကြေညာခြင်းမရှိဘဲ ခဏရောက်ရှိသွားပြီး လုပ်ငန်းကြီးတွေ လုပ်စရာ အများကြီးကျန်နေသေးတယ်လို့ ပြောဆိုပါတယ်။

အမေရိကန်သမ္မတ ဖြစ်လာပြီးနောက် ပထမဆုံးခရီးဖြစ်ပြီး အီရတ်နိုင်ငံက ပဋိပက္ခများ အရှိန်လျှော့ချမယ်လို့ ကတိပြုခဲ့တဲ့ အတိုင်း အီရတ်ခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးခွင့် ရရှိလိုက်ပါတယ်။

အင်္ဂါနေ့ မွန်းလွဲပိုင်းမှာ တူရကီနိုင်ငံကနေ အီရတ်နိုင်ငံကို ရောက်ရှိမသွားခင် နာရီပိုင်းအလိုမှာတင်ပဲ မြို့တော် ဘဂ္ဂဒက်မှာ ကားထောင်ဗုံးပေါက်ကွဲလို့ လူ ၈ ယောက်ထက်မနည်း သေဆုံးသွားတဲ့အတွက် အမေရိကန်တို့ ဝင်ရောက် သိမ်းပိုက် တိုက်ခိုက်ခဲ့တာ ၆ နှစ်ကြာခဲ့ပေမယ့် တင်းမာနေဆဲပဲဆိုတာ ပြသလိုက်တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားက ကမ့်ပ် ဗစ်တိုရီ (Camp Victory) စခန်းမှာ အမေရိကန် စစ်ဘက် အကြီးအကဲများ၊ အမေရိကန် တပ်ဖွဲ့ဝင်များနဲ့ တွေ့ဆုံပြီး အီရတ်တို့ အနေနဲ့ သူတို့နိုင်ငံရဲ့ လုံခြုံရေး သူတို့ တာဝန်ယူကြဖို့ လိုအပ်လာပြီလို့ ပြောကြား တဲ့အခါ တခဲနက် သြဘာပေးကြပါတယ်။

လာမယ့် တနှစ်ခွဲကြာ အချိန်အတိုင်းအတာဟာ အမေရိကန် စစ်ဘက်လုပ်ငန်း ဆောင်တာအတွက် အရေးကြီးတဲ့ အချိန်ပဲလို့လည်း သမ္မတက သတိပေး ပြောဆို ပါတယ်။

သမ္မတ အိုဘားမားဟာ အဲဒီ ကမ့်ပ် ဗစ်တိုရီစခန်းမှာပဲ အီရတ်ဝန်ကြီးချုပ် နူရီ
အယ်လ်-မာလီးကီး (Nouri al-Maliki) နဲ့ တွေ့ဆုံပြီး ကွဲလွဲချက်တွေကို နိုင်ငံရေး နည်းနဲ့ အဖြေရှာခြင်းကို သူ့အနေနဲ့ အကြီးအကျယ် ထောက်ခံကြောင်း ပြောဆိုပါတယ်။

သမ္မတ အိုဘားမားဟာ အဲဒီစခန်းမှာပဲ အီရတ်သမ္မတ ဂျလာ တာလာဘာနီ (Jalal Talabani) နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG