သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာထူးက နှုတ်ထွက်ဖို့ ဆန္ဒပြတောင်းဆိုမှု ထိုင်းဝန်ကြီးချုပ် ငြင်းဆန်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေက ဝန်ကြီးချုပ် အဘီဆစ် ဝတ်ချာချီ၀ နုတ်ထွက်ပေး ဖို့ တောင်းဆိုနေကြပါတယ်။

အနီရောင် အင်္ကျီတွေ ဝတ်ထားတဲ့ ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် အဘီဆစ် ဝတ်ချာချီဝရဲ့ ရုံးအပြင်ဘက်မှာ စုဝေးခဲ့ကြ သလို Bhumibol Adulyadej ဘုရင်ရဲ့ ထိပ်တန်း အကြံပေး ပုဂ္ဂိုလ်တဦး အိမ်ရှေ့မှာလည်း စုဝေးခဲ့ကြပါတယ်။

ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ဖြုတ်ချခဲ့တဲ့ ၂၀၀၆ ခုနှစ် အာဏာသိမ်းပွဲကို အကြံပေးပုဂ္ဂိုလ် Prem Tinsulanonda က ကြိုးကိုင်စီစဉ်ခဲ့တယ်လို့ သူတို့က စွပ်စွဲကြပါတယ်။

ဆန္ဒပြပွဲတွေမှာ လူတသိန်းလောက် ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပြီး သောကြာနေ့ထိ ဆန္ဒပြမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဒီချီတက်ဆန္ဒပြပွဲတွေဟာ သက်တမ်း ၄လ ပဲ ရှိသေးတဲ့ ဝန်ကြီးချုပ် အဘီဆစ် အစိုးရ အဖွဲ့အတွက် အကြီးမားဆုံး စိန်ခေါ်မှု တွေ ဖြစ်ပါတယ်။

နုတ်ထွက်ပေးဖို့ တောင်းဆိုတာကို မစ္စတာ အဘီဆစ်က ပယ်ချထားပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ထိပ်တိုက် တွေ့တာမျိုး ကို အာဏာပိုင်တွေ အနေနဲ့ ရှောင်ရှားမယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG