ဧပြီ ၀၆၊ ၂၀၀၉ - အာရှတိုက်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ
၂၀၀၉ ခုနှစ်မှာ
ကျဆင်းသွားလိမ့်မယ်လို့ ADB အာရှဖွံ့ဖြိုးရေး ဘဏ်က
ခန့်မှန်းထားပါတယ်။
မတ်လ ၃၁ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် အာရှဒေသဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ
အစီရင်ခံစာ အသစ်တခုမှာ အဲဒီလိုဖော်ပြထားတာပါ။
၁၉၉၇-၉၈ ခုနှစ်တွေမှာဖြစ်ခဲ့တဲ့
အာရှဘဏ္ဍာရေးအကျပ်အတည်း ကာလကတည်းက
ဆိုရင် တိုးတက်မှုနှုန်း အနိမ့်ဆုံးရောက်သွားလိမ့်မယ်လို့
ဆိုပါတယ်။ အာရှဒေသနိုင်ငံ
အသီးသီးရဲ့ ၂၀၀၈ ခုနှစ်အတွင်း စီးပွားရေးဆိုင်ရာ
စွမ်းဆောင်ချက်၊ ရှေ့စီးပွားရေး
အလားအလာနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်
ရင်ဆိုင်ရမယ့်စိန်ခေါ်မှု၊ အဲဒါတွေကို ADB ရဲ့
အစီရင်ခံစာမှာ နိုင်ငံတခုချင်းအလိုက်
ဖော်ပြထားပါတယ်။
အာရှတိုက် နိုင်ငံအသီးသီးရဲ့ အခြေအနေတွေကို အစီရင်ခံ ဖော်ပြထားတာမှာ
မြန်မာ
နိုင်ငံလည်းအပါအဝင်ပါ။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သဘာဝဓာတ်ငွေ့
ပြည်ပပို့တဲ့
ဈေးနှုန်း မြင့်မားနေတာဟာ ၂၀၀၇ ခုနှစ် ဘဏ္ဍာရေးနှစ်က တိုးတက်မှုနှုန်းလောက်
ဆက်ဖြစ်နေမယ်၊
ငွေဖောင်းပွမှုနှုန်းဟာ ၃၀% လောက်မှာ ဆက်ရှိနေမယ်၊ ၂၀၀၈
ခုနှစ်၊
မေလမှာတိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကနေ ပြန်လည်နာလန်
ထူရေးနဲ့
ပြန်လည်တည်ဆောက်ရေးအတွက် အနည်းဆုံး သုံးနှစ် အချိန်ယူရမယ်၊
မြန်မာနိုင်ငံနဲ့
အဓိကကုန်သွယ်ဘက်နိုင်ငံတွေမှာ စီးပွားရေးမကောင်းတာကြောင့်
မြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှု အားနည်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ကာလ စီးပွားရေးစွမ်းဆောင်မှုပိုင်းကို
ဖော်ပြထားတဲ့ထဲမှာတော့ GDP ပြည်တွင်း
ထုတ်လုပ်မှုတန်ဘိုးဟာ အစိုးရက ခန့်မှန်းတာထက်
တခြားခန့်မှန်းချက်တွေက
ထက်ဝက်လောက်နည်းတယ်လို့ဆိုပါတယ်။ အစိုးရခန့်မှန်းတာက
နှစ်ဆလောက် ပိုများ
နေတဲ့သဘောပါ။ ဒါ့အပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း အမျိုးမျိုးဖြစ်နေတာကိုလည်း
အားနည်းချက်တရပ်အဖြစ် ထောက်ပြထားပါတယ်။ ဒီနေရာမှာ နာဂစ်တိုက်ခတ်လို့
ဖြစ်ရတဲ့
နောက်ဆက်တွဲ စီးပွားရေးအရဆုံးရှုံးမှုတွေကို အဓိကရေးသားထားပါတယ်။
မုန်တိုင်းဒဏ်ကနေ
ပြန်ပြီးနာလန်ထူရေးဟာ အဓိကဦးစားပေးဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့
အဓိကကုန်သွယ်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း စတဲ့နိုင်ငံ
တွေမှာ စီးပွားရေးအခြေအနေ
မကောင်းလှတာကြောင့် မြန်မာ့သဘာဝဓာတ်ငွေ့နဲ့
စိုက်ပျိုးရေးထွက်ကုန်တွေရဲ့
တန်ဘိုးတွေ ကျဆင်းစေလိမ့််မယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် GDP
တိုးတက်မှုနှုန်းဟာ ၂၀၀၈ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ် ဘဏ္ဍာရေးနှစ်တွေမှာ
နှေးကွေးလိမ့််မယ်လို့
ခန့်မှန်းထားပါတယ်။ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်ချက်တွေ၊
တနည်းပြောရမယ်ဆိုရင်တော့ ဒါတွေဟာ တာဝန်ရှိသူတွေအနေနဲ့ လုပ်သင့်တယ်
ဆိုတဲ့ အချက်တွေပေါ့လေ၊
အဲဒါတွေကိုလည်း အတော်လေးပြည့်ပြည့်စုံစုံ တင်ပြထား
ပါတယ်။
ဒီစိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး
အမေရိကန်နိုင်ငံမှာ ခေတ္တရောက်နေတဲ့ ကမ္ဘာ့စီးပွား
ရေးဂျာနယ်အယ်ဒီတာချုပ် ဦးခင်မောင်ညို
ဘောဂဗေဒနဲ့ ဆက်သွယ်မေးမြန်းထား
ပါတယ်။