သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံဆွေးနွေးပွဲ ကုန်သွယ်ရေးဦးစားပေးဖို့ တရုတ် တိုက်တွန်း 


ထိုင်းနိုင်ငံမှာ သောကြာနေ့ အာစီယံ အရှေ့တောင် အာရှ နိုင်ငံများအသင်း ထိပ်သီးအစည်းအဝေးပွဲရဲ့ အပြင်ပန်းမှာ တွေ့ဆုံ ကြတဲ့အခါ မြောက်ကိုရီးယား ကိစ္စထက် ဒေသ ကုန်သွယ်ရေးကိစ္စ၊ ကမ္ဘာ့ ငွေကြေးအကျပ်အတည်း ကိစ္စများကို ပိုမို အာရုံစိုက် ဆွေးနွေးသင့်ကြတယ်လို့ တရုတ်နိုင်ငံက အရှေ့တောင် အာရှခေါင်းဆောင် များအား တိုက်တွန်းလိုက်ပါတယ်။ တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဟူဂျင် ကွေး က အာစီယံ ခေါင်းဆောင်များနဲ့ တွေ့ဆုံရခြင်းဟာ အရေးကြီးတယ်လို့ တရုတ် အစိုးရက သဘောထားကြောင်းကိုလည်း ထုတ်ဖော် ပြောဆိုသွားပါတယ်။ အရှေ့အာရှ၊ နှစ်လည် ထိပ်သီး စည်းဝေးပွဲ ကာလအတွင်း အာစီယံနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ် တရပ် လက်မှတ် ရေးထိုးနိုင်လိမ့်မယ်လို့ တရုတ်အစိုးရက မျှော်လင့်ကြောင်း တရုတ် ဝန်ကြီးချုပ် ဝမ်းကျားဘောင် က ပြောကြားတယ်လို့ စင်ဟွာ သတင်း အေဂျင်စီက ကိုးကား ဖော်ပြပါတယ်။

မကြာသေးခင်က မြောက်ကိုးရီးယား ရော့ကတ် ပစ်လွှတ်လိုက်တဲ့အပေါ် နိုင်ငံတကာ တုန့်ပြန်ရေး၊ ဂျပန်က ပြင်းပြင်းထန်ထန် တုန့်ပြန်သင့်တယ်၊ တောင်ကိုရီးယား က တရုတ်တို့နဲ့ တွေ့ဆုံတဲ့အခါ ဝန်ကြီးချုပ် တာရို အာဆိုက အဲဒီ ကိစ္စကို ဆွေးနွေးလိမ့် မယ်လို့ ဂျပန် သတင်း အေဂျင်စီက ဆိုပါတယ်။ တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် ကလည်း ဂျပန်နိုင်ငံရဲ့ သဘောထား ကို ထောက်ခံပြီး၊ တရုတ်ကတော့ တော်ရုံတန်ရုံလောက်သာ တုန့်ပြန်သင့်တယ်လို့ သဘောထားဖော်ပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG