သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ်ရန်ပုံငွေ ထည့်ဝင်ရေး အာဆီယံ သဘောတူ


အနာဂတ်မှာ ငွေကြေးအကျပ်အတည်း ပေါ်လာခဲ့လျှင် ရင်ဆိုင်နိုင်ရေးအတွက် ဒေသတွင်း ရန်ပုံငွေထဲ ဘယ်လောက်စီ ထည့်ဝင်ကြမလဲ ဆိုတာကို အာဆီယံအသင်းဝင် ၁၀ နိုင်ငံက သဘောတူလိုက်ပါတယ်။

အာဆီယံအပေါင်း ၃ ထိပ်သီးစည်းဝေးပွဲအကြို အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများ စည်းဝေးပွဲမှာ အဲဒီလို သဘောတူလိုက်တာ ဖြစ်တယ်လို့ ထိုင်းဘဏ္ဍာရေးဝန်ကြီးက သတင်းထောက်များကို ရှင်းလင်းပြောဆိုပါတယ်။

အရှေ့တောင်အာရှ သီးသန့်ရန်ပုံငွေ ဒေါ်လာ ဘီလီယံ ၁၂၀ ထားဖို့ စီစဉ်ထားကြပြီး အပေါင်း ၃ နိုင်ငံများဖြစ်ကြတဲ့ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က အဲဒီရန်ပုံငွေရဲ့ ၈% ကို ပူးတွဲထည့်ဝင်ကြဖို့ ကတိကဝတ်ပြုလိုက်လို့ အာဆီယံအသင်းဝင် နိုင်ငံ များအနေနဲ့ ရန်ပုံငွေရဲ့ ၂၀% ကိုပဲ ထည့်ဝင်ကြရတော့မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG