သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသူ မနှင်းမေအောင် (ခေါ်) မနိုဘယ်လ်အေးရဲ့ ဘဝအကြောင်း တစေ့တစောင်း


မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၀၀ ကျော်ရှိနေတာမှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေလဲ ပါဝင်ကြပါတယ်။ သူတို့တွေအားလုံးကို ချက်ချင်း ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ က ဖိအားပေးတောင်းဆိုနေတာမှာ အခုနောက်ဆုံး မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ကတော့ လက်မှတ်ရေးထိုးစုဆောင်းတဲ့ လှုပ်ရှားမှုတရပ်ကို စတင်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအကြောင်း နိုးကြားမှုရှိစေဖို့ အခုလို ဆောင်ရွက်တာမှာ အီတလီနိုင်ငံ ဗီလာ ဆန်တာမြို့တော်ဝန် က နိုင်ငံရေးအကျဉ်းသူ မနှင်းမေအောင် (ခေါ်) မနိုဘယ်လ်အေး ကို ဒီတပတ်ထဲမှာပဲ ဂုဏ်ထူးဆောင်မြို့သူအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ မနှင်းမေအောင် (ခေါ်) နိုဘယ်လ်အေး အကြောင်း တစေ့တစောင်းကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ မနိုဘယ်လ်အေး နဲ့ တချိန်က နိုင်ငံရေးအကျဉ်းသူအဖြစ် အင်းစိန်ထောင်မှာ နေခဲ့ရသူ အခုလက်ရှိ မဲဆောက်မြို့မှာ ရောက်ရှိနေတဲ့ မလဲ့လဲ့နွယ် ကို ဒေါ်လှလှသန်း က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG