သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ နဲ့ မူးယစ်ဆေးဝါးပြဿနာ


ဧပြီ ၁၁၊ ၂၀၀၉ - မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးဒဏ်ကို အိမ်နီးချင်း နိုင်ငံများ ခံနေရတာ ကာလအတော်ကြာမြင့်ခဲ့ပါပြီ။ အိမ်နီးချင်းနိုင်ငံများထဲမှာ ထိုင်းနိုင်ငံဟာ အခံရဆုံးဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဆေးဝါးသုံးစွဲနေသူဦးရေ တိုးပွားလာခဲ့တဲ့နှုန်းဟာ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာတဲ့အတွက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး (၆) လ စီမံကိန်းကို ဧပြီလ (၁) ရက်နေ့ကစပြီး စတင် အကောင်အထည် လုပ်ကိုင်နေပါပြီ။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ စာသုံးနေတဲ့ မူယစ်ဆေးဝါးအများစုမှာ မြန်မာပြည်က ဝင်ရောက်လာတာဖြစ်ပြီး နယ်နမိတ်ပိတ်ပင် တားမြစ်နိုင်ခြင်း မရှိသေးခြင်း နဲ့ မြန်မာနိုင်ငံ စစ်အစိုးရဖက်က မူးယစ်ဆေးဝါး ထုတ်လုပ်နေသမျှ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဟာ အောင်မြင်ဖို့ ခက်ခဲနိုင်သေးကြောင်း ဦးအောင်ခင် နဲ့ မညိုညိုလွင် တို့က ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်း အစီအစဉ်မှာ သုံးသပ်တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG