သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆောင်ရွက်ကြဖို့ အီစတာပွဲမှာ ပုပ်ရဟန်းမင်းကြီး ပန်ကြား


ယေရှုခရစ်တော် ရှင်သန် ထမြောက်တယ်လို့ ခရစ်ယာန် ဘာသာဝင်တွေ ယုံကြည်တဲ့ Easter ပွဲတော် တနင်္ဂနွေနေ့မှာ ပုပ်ရဟန်းမင်းကြီး ဘနက်ဒစ် က စိန့် ပီတာ ရင်ပြင်မှာ လူထုကြီးကို တရား ဒေတနာ ဟောကြားပြီးတော့ အစဉ်အလာ အတိုင်း ကမ္ဘာကြီးအတွက် ဝတ်ပြု ဆုတောင်းပေးခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှာ ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် ပုပ်ရဟန်းမင်းကြီးက ပန်ကြားခဲ့ပါတယ်။ ကမ္ဘာကြီးမှာ ဖြစ်နေတဲ့ အစာရေစာ ရှားပါးမှု၊ ဘဏ္ဍာရေး အကျပ်အတည်း၊ ဆင်းရဲမွဲတွေမှု၊ စစ်ပွဲတွေ ပိုပြီးတော့ များလာတဲ့အပြင် အာဖရိက က မပြီးဆုံးနိုင်တဲ့ ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေးအတွက်လည်း ဆုတောင်းပေးခဲ့ပါတယ်။ အီတလီမှာ ပြီးခဲ့တဲ့ အပတ်က မြေငလျင်ဒဏ်ခံခဲ့ရသူတွေကိုလည်း အထူး ဆုတောင်းပေးခဲ့ပါတယ်။ ရွှေရောင် ဝတ်ရုံတော်ကို ဆင်မြန်းထားတဲ့ ပုပ်ရဟန်းမင်းကြီးဟာ Choir သီဆိုသူတွေရဲ့ ဓမ္မတေးသံတွေနဲ့အတူ ရင်ပြင်ထဲကို ဝင်လာစဉ်မှာလည်း လူအုပ်ကြီးကို ဆုတောင်းပေးခဲ့ပါတယ်။

ယေရှုခရစ်ကို ကားစင်တင် မီးရှို့ခဲ့ပြီးတော့ အဲဒီနေရာကပဲ ပြန်လည် ရှင်သန် ထမြောက်လာတယ်လို့ ယုံကြည်ကြတဲ့ ဂျေရုဆလင်က အထွဋ်အမြတ်ထားရာ ဘုရားကျောင်းမှာလည်း တကမ္ဘာလုံးက ဘုရားဖူးတွေနဲ့ ပြည့်နှက်နေပါတယ်။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG