ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေကို ထိုင်းစစ်တပ်က တနင်္လာနေ့ မနက် အာရုံမတက်ခင်မှာ စတင် ဖြိုခွင်းနေပြီ ဖြစ်ပါတယ်။ စုဝေးနေတဲ့ ဆန္ဒပြသူ အများအပြားကို ဖြိုခွဲဖို့အတွက် စစ်တပ်က စတင်လိုက်တဲ့ နောက်ပိုင်း မှာ အစိုးရ တပ်တွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်လာခဲ့ပြီး ထိခိုက်ဒဏ်ရာ ရမှုတွေလည်း ရှိနေတယ်လို့ သတင်း တွေ ထွက်ပေါ်လာပါတယ်။ စစ်တပ်ဟာ ဆန္ဒပြသူတွေကို ဖြိုခွဲဖို့အတွက် ညင်သာတဲ့ နည်းတွေနဲ့ စတင်မှာ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ ပြင်းပြင်းထန်ထန် နှိမ်နှင်းဖို့ ရှီတယ်လို့ စစ်တပ် ဗိုလ်မှူးကြီး ဆန်ဆန်းထွေပါ က ပြောကြောင်း အေဖက်ပီ သတင်း က ရေးသားပါတယ်။ စစ်သားတွေဟာ မျက်ရည်ယိုဗုံးတွေကို သုံးဖို့လည်း ရှိတယ်လို့ ပြောပါတယ်။
မစ္စတာ သက်ဆင် က ပြည်သူ့ တော်လှန်ရေး တရပ်ကို ဆင်နွှဲဖို့အတွက် ဘန်ကောက်မြို့မှာ လာရောက် စုဝေးဖို့အတွက် သူ့ကို ထောက်ခံသူတွေကို တနင်္ဂနွေနေ့ အစောပိုင်းမှာ တိုက်တွန်းခဲ့ပါတယ်။ တကယ်လို့ သူ့ထောက်ခံသူတွေကို ထို်င်းအာဏာပိုင် တွေက တိုက်ခိုက်လာမယ်ဆိုရင် ထိုင်းနိုင်ငံကို ပြန်လာခဲ့မယ်လို့ တယ်လီဖုန်းက တဆင့် ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်း ၀န်ကြီးချုပ် အဘီဆစ် ၀ိက်ချာချီဝ ကတော့ သူတို့ အစိုးရ အဖွဲ့က နိုင်နိုင်နင်းနင်းနဲ့ ထိန်းထားနိုင်ပါတယ်လို့ တနင်္ဂနွေနေ့ ထိုင်း ရုပ်သံက ပြောကြားခဲ့ပါတယ်။