ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် လားဟူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Lahu National Development Organization) ထုတ်ဝေခဲ့တဲ့ ၂၀၀၉ ခုနှစ် အစီရင်ခံစာ မြန်မာ-မဲခေါင် ဒေသမှာ လူမသိသူမသိဖြစ်ရပ်များကို စောင့်ကြည့်လေ့လာခြင်း (Undercurrents: Monitoring Development on Burma’s Mekong) မှာ အဓိကအားဖြင့် မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ မဲခေါင်မြစ်ဝှမ်းဒေသတလျှောက်အတွင်း ဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ( မြစ်ကြောင်းသွားလာရေး စီမံကိန်း၊ ရေကာတာစီမံကိန်း၊ ဒေသအတွင်း စီးပွားရေး) ချဲ့ထွင်လုပ်ကိုင်လာမှုတွေကြောင့် ဒေသခံတိုင်းရင်းသားများရဲ့ ဘဝရပ်တည်ရေး ခက်ခဲနှစ်နာလာရခြင်း၊ တောရိုင်းတိရစ္ဆာန်များ မျိုးပြုန်းတီးလာခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ ရေလွမ်းမိုးပြီး မြေဆီတိုက်စားဆုံးရှုံးလာရခြင်း စတဲ့ အကြောင်းအရာများ ကို အသေးစိုက်ဖော်ပြထားပါတယ်။ ဒီ အစီရင်ခံစာပါ အချက်အလက်များကို အသေးစိုက်သိရှိနိုင်ဖို့ အစီရင်ခံစာ ပြုစုသူ တဦးဖြစ်သူ ဦးဂျပက်ဖ် ရော်ကွက် (U Jacphet Jacque) ကို ဗွီအိုအေမြန်မာ သတင်းဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။