သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူတွေကို စစ်တပ်က အင်အားသုံး လူစုခွဲ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်အဟုန် မြင့်လာ တာကြောင့် ထိုင်းစစ်တပ်အကြီးအကဲက အခြေအနေ တည်ငြိမ်အောင် ထိန်းသွားမယ် လို့ ပြောဆိုလိုက်ပါတယ်။

ဘန်ကောက်မြို့တော်မှာ အခြေအနေ တည်ငြိမ်အောင် ဘက်ပေါင်းစုံကနေ ဖြစ်နိုင်တဲ့ နည်းတွေသုံးပြီး ကာကွယ်သွားမယ်လို့ ဗိုလ်ချုပ်ကြီး ဆုန်ကစ်တီ ဂျက်ဂါဘတ်ထရာ (General Songkitti Jaggabatra) က ရုပ်မြင်သံကြားကနေ မိန့်ခွန်း ပြောဆိုသွားပါ တယ်။ ထိုင်းစစ်တပ်အနေနဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့အတွက်သာ လက်နက်တွေ ကို အသုံးပြုမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ရဲတပ်ဖွဲ့ကနေ ဒီနေ့ ဘတ်စ်ကားတွေကို အပိုင်စီး၊ အိမ်လုပ် ဓာတ်ဆီဗုံးတွေ အသုံးပြု ခဲ့ကြတဲ့ ဆန္ဒပြသမားတွေကို မိုးပေါ်ထောင် သတိပေးသေနတ် ပစ်ဖောက်ခဲ့ရသလို မီးသတ်ပိုက်တွေနဲ့လည်း လူစုခွဲရပါတယ်။

ဒီအဓိကရုဏ်းကြောင့် ဆန္ဒပြသူ ၇၄ ယောက်ထက်မနည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။ အတည်မပြုရသေးတဲ့ သတင်းအရတော့ တဦး သေဆုံးသွားတယ်လို့ ကြားသိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG