သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အောက်လွှတ်တော်အမတ် စီးနင်းလာသည့်လေယာဉ်ကို ဆိုမာလီသူပုန်တွေ တိုက်ခိုက်


ဒီနေ့ ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့ကို နေ့ချင်းပြန် ခရီးသွားခဲ့တဲ့ အမေရိကန် အောက်လွှတ်တော်အမတ် ဒေါ်နယ် ပိန်း (Donald Payne) ရဲ့ လေယာဉ်ကို စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ပါတယ်။

မစ္စတာပိန်းရဲ့လေယာဉ် မိုဂါဒစ်ရှူးလေယာဉ်ကွင်းကနေ ပျံအတက်မှာ စစ်သွေးကြွတွေက မော်တာနဲ့ ပစ်ခဲ့တာဖြစ်တယ်လို့ လုံခြုံရေးသတင်းရပ်ကွက်က ပြောပါတယ်။ တစုံတဦးမှ ဒဏ်ရာရရှိခြင်း မရှိပေမဲ့ လေယာဉ်ကွင်း အနီးအနားမှာရှိတဲ့ ရပ်ကွက်က လူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဆိုမာလီယာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဆက်ဆံရေးဟာ နှစ်အတော်ကြာ အဆက်ပြတ်နေခဲ့ပြီး အမေရိကန် လွှတ်တော်အမတ်တဦးအနေနဲ့ ဒါဟာ ပထမဆုံးခရီးစဉ် ဖြစ်ပါတယ်။

ဒီမိုကရက် အောက်လွှတ်တော်အမတ် ဒေါ်နယ် ပိန်းဟာ နယူးဂျာစီပြည်နယ်ကို ကိုယ်စားပြုတဲ့ အမတ်တဦး ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဆိုမာလီနိုင်ငံကို ဘယ်လိုကူညီနိုင်မလဲ ဆိုတာကို ဆိုမာလီခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG