သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံအားလုံး အကျုံးဝင်တဲ့ ငြိမ်းချမ်းရေး ကေအန်ယူ မျှော်လင့်


ကေအန်ယူ - ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ မြန်မာစစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးပွဲတွေပြန်ပြီး လုပ်ဖြစ်မယ်ဆိုရင် နယ်စပ်မှာရှိနေတဲ့ အတိုက်အခံတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေပါ အကျုံးဝင်ပြီး ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးရရှိဘို့ ဦးတည်ရည်မှန်းထားတယ်လို့ ကေအန်ယူ အစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှုး နော်စီဖိုးရာစိန် က ပြောဆိုပါတယ်။ မြန်မာစစ်အစိုးရ နဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရုမ် (Kasit Piromya) က ကေအန်ယူ ခေါင်းဆောင်တွေကို ဘန်ကောက်မြို့တော်မှာ ခေါ်ယူတွေ့ဆုံခဲ့ပြီး ကေအန်ယူအဖွဲ့က အခုလို ပြောကြားခဲ့တာပါ။ အခုတခေါက် တွေ့ဆုံပွဲတွေကို ပြည်တွင်းမှာထက် ထိုင်းနိုင်ငံအတွင်းမှာ ဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့လည်း ကေအန်ယူ က ပြောဆိုပါတယ်။ အသေးစိတ်ကို ဦးသန်းလွင်ထွန်း က တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG