သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီ ပင်လယ်ဓားပြ တိုက်ခိုက်မှု ဟန့်တားဖို့ သမ္မတ အိုဘားမား ကတိပြု


ဆိုမာလီယာကမ်းခြေက ပင်လယ်ဓားပြတိုက်နေတာ ရပ်သွားဖို့ လုပ်နိုင်တာမှန်သမျှ အမေရိကန် ပြည်ထောင်စုက လုပ် လိမ့်မယ်လို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောပါတယ်။ တနင်္လာနေ့ သယ်ယူပို့ဆောင်ရေးဌာနမှာ မိန့်ခွန်းပြောရင်း မစ္စတာအိုဘားမားက အဲဒီလို ပြောခဲ့တာပါ။

ဆိုမာလီဓားပြတွေ ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ အမေရိကန် ကုန်တင်သင်္ဘော ကပ္ပတိန်ကို အမေရိကန်ရေတပ်က ကယ်တင်ခဲ့ပြီး တရက်အကြာမှာ သူက အဲဒီလိုပြောခဲ့တာ ဖြစ်ပါတယ်။

ရစ်ချတ် ဖိလစ် (Richard Phillip) ကို ကယ်တင်ခဲ့တဲ့အတွက် အိုဘားမားက အမေရိကန်စစ်တပ်ကို ချီးကျူးလိုက်ပြီး သင်္ဘောသွားလမ်းကြောင်းကို ကာကွယ်ဖို့ တခြားတိုင်းပြည်တွေနဲ့အတူ အမေရိကန်က အလုပ်လုပ်လိမ့်မယ်လို့ သူက ဆိုပါတယ်။

တနင်္ဂနွေနေ့က အမေရိကန်ရေတပ်က ကယ်တင်ခဲ့ရာမှာ ပင်လယ်ဓားပြ ၃ ယောက် သေဆုံးသွားခဲ့တဲ့အတွက် လက်စား ချေမယ်လို့ ဆိုမာလီ ပင်လယ်ဓားပြတွေက ပြောပါတယ်။ မစ္စတာအိုဘားမားက ဒါနဲ့ပတ်သက်ပြီး မတုံ့ပြန်ခဲ့ပါဘူး။

အမေရိကန်ဟာ အခု သူတို့ရဲ့ရန်သူ ဖြစ်ပါတယ်လို့ ဆိုမာလီ ပင်လယ်ဓားပြတွေက သတင်းထောက်တွေကို ပြောပါတယ်။ ဓားစာခံအဖြစ် ဖမ်းဆီးသွားတဲ့ ဘယ်အမေရိကန်ကိုမဆို သူတို့က သတ်ပစ်ကောင်း သတ်ပစ်နိုင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG