သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကျောက်မျက် ဒဏ်ခတ်မှုအပေါ် ညွှန်ကြားချက်အသစ် ထုတ်ပြန်


မြန်မာစစ်အစိုးရ ငွေကြေးရနေမှုကို ဖြတ်တောက်ဖို့ ရည်စူးတဲ့ မြန်မာနိုင်ငံထွက် ကျောက်မျက်ရတနာများ မတင်သွင်းရ ဥပဒေ နဲ့ ပတ်သက်ပြီး အဖွဲ့ဝင်ဆိုင်တွေကို ထပ်မံ ရှင်းလင်း ညွှန်ကြားနေရတယ်လို့ အမေရိကန်နိုင်ငံ ကျောက်မျက်အသင်းက ကြေညာပါတယ်။

မနှစ် စက်တင်ဘာလမှာ အတည်ပြုခဲ့တဲ့ မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီ ဆန့်ကျင်မှု ကြိုးပမ်းချက် ပိတ်ဆို့ခြင်းလို့ အဓိပ္ပာယ် ရတဲ့ ၂၀၀၈ ခုနှစ် JADE ဥပဒေအရ မြန်မာနိုင်ငံထွက် ပတ္တမြား စတဲ့ကျောက်မျက်များ အမေရိကန်နိုင်ငံတွင်းကို မတင်သွင်းရ လို့ ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက တိုက်ရိုက်တင်သွင်းတာ မဟုတ်ဘဲ တခြားနိုင်ငံများကတဆင့် တင်သွင်းတာလား၊ မြန်မာနိုင်ငံထွက် ကျောက်မျက်များကို မွမ်းမံကာ လက်ဝတ်ရတနာ လုပ်ထားတာလား၊ မြန်မာမဟုတ်တဲ့ တခြားနိုင်ငံကထွက်တဲ့ ကျောက်မျက် လား စသဖြင့် ဝယ်သူများက မေးမြန်းကြတာကို အတိအကျ ဖြေရှင်းနိုင်ဖို့အတွက် မတ်လက ညွှန်ကြားချက်ကို ထပ်မံဖြည့်စွက် ဖြေရှင်းညွှန်ကြားရတာ ဖြစ်တယ်လို့ အမေရိကန် ကျောက်မျက်အသင်းက ထုတ်ပြန် ရှင်းလင်းထားပါတယ်။

ဝယ်သူတချို့ကလည်း မြန်မာနိုင်ငံက ကျောက်မျက်များ ပိတ်ပင်ထားတာကို အထူးစိတ်ဝင်စားကြတယ်လို့ ဆိုပါတယ်။ ဒီအသင်းမှာ အမေရိကန်နိုင်ငံတဝန်း ကျောက်မျက်ရောင်းချတဲ့ စတိုးဆိုင်ကြီးပေါင်း ၁၁,၀၀၀ ကျော် ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG