သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရကို ဖိအားပေးဖို့ အမျိုးသမီး အထက်လွှတ်တော်အမတ်တွေ ကုလကို တိုက်တွန်း


အမေရိကန် အထက်လွှတ်တော် အမျိုးသမီးအမတ် ၁၀ ယောက်က မြန်မာပြည်ကို အုပ်စိုးနေတဲ့ စစ်အစိုးရအပေါ် ပိုမို ဖိအားပေးပါလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို တိုက်တွန်းထားပါတယ်။

မြန်မာ့အရေးဆောင်ရွက်တဲ့ အထက်လွှတ်တော် အမျိုးသမီးအမတ်များ အဖွဲ့ထဲမှာ ပါဝင်ကြတဲ့ အဲဒီ အမျိုးသမီး ၁၀ယောက် က စစ်အစိုးရကို သူတို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲ အစီအစဉ်များ ပယ်ဖျက်ပေးဖို့ လုပ်ဆောင်ပေးပါ၊ မြန်မာ ပြည်မှာ လူ့ အခွင့်အရေး ချိုးဖောက်နေတာတွေ ရပ်သွားရေး၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး ချက်ချင်းလွှတ်ပေးရေး၊ စစ်အစိုးရကို ဖိအားပေး ဆောင်ရွက်ပေးပါလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ထံ စာရေး တိုက်တွန်းခဲ့ပါတယ်။

အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်တဲ့ အမေရိကန် အထက်လွှတ်တော် အမျိုးသမီးအမတ် ၁၀ ယောက်ရဲ့ စာထဲမှာ မြန်မာပြည်က စစ်ပွဲအကြောင်းပြု မုဒိမ်းကျင့်နေမှုများ ပပျောက်သွားဖို့ လိုအပ်ပုံကိုလည်း ထည့်သွင်း ထောက်ပြထားပါတယ်။

မြန်မာပြည်မှာ စစ်အစိုးရက သူတို့နဲ့ နည်းနည်းလေး သဘောထားကွဲလွဲတာနဲ့ သည်းမခံဘဲ ဝေဖန်တယ်ထင်လို့ လူတွေ ထောင်နဲ့ချီကာ ထောင်သွင်းအကျဉ်းချ ထားပါတယ်။ သူတို့ကိုယ်တိုင် ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိခဲ့ပေမယ့် အာဏာလွှဲမပေးဘဲ စစ်တပ်ကပဲ ဆက်ယူထားပါတယ်။

အနောက်တိုင်းခေါင်းဆောင်များက စစ်အစိုးရရဲ့ လက်ရှိ ဖွဲ့စည်းပုံသစ်ကိုရော ရှှေ့နှစ်မှာလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲကို ပါ အတုအယောင် စစ်တပ်အာဏာမြဲရေး အတွက် လုပ်ဆောင်တာဖြစ်တယ်ဆိုပြီး ပြစ်တင်ရှုတ်ချ ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG