သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား နိုင်ငံတကာ ဆွေးနွေးပွဲ ရိုဟင်ဂျာအရေး ထည့်သွင်း


မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ပြဿနာ အာရှဒေသတွင်း ရိုက်ခတ်သွားခဲ့ပြီးနောက်ပိုင်း နိုင်ငံ ပေါင်း ၆၀ က ကိုယ်စားလှယ်တွေဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ စုဝေးပြီး တခြားနိုင်ငံမှာ တရားမဝင် ဝင်ရောက် နေထိုင်မှု ပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးနေကြပါတယ်။

အင်္ဂါနေ့က စတင်ခဲ့တဲ့ ၂ ရက်ကြာ တွေ့ဆုံစည်းဝေးပွဲကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ဝိရာယုဒ (Hassan Wirajuda) နဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖင် စမစ်သ် (Stephen Smith) တို့က သဘာပတိအဖြစ် ပူးတွဲ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးဟာ Bali Process ခေါ် ဒေသတွင်း လူမှောင်ခိုကုန်ကူးမှုနဲ့ တခြား နယ်စပ်ဖြတ်ကျော်မှု ပြဿနာတွေကို တိုက်ဖျက်တဲ့ ကွန်ယက်ရဲ့ တတိယအကြိမ် စည်းဝေးပွဲ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံခေါင်းဆောင်တွေက ဒီ Bali Process လမ်းကြောင်းနဲ့ ရိုဟင်ဂျာကိစ္စကို ဖြေရှင်းကြဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

အရင်နှစ်ကတည်းက မည်သည့်နိုင်ငံကမှ နိုင်ငံသားအဖြစ် သတ်မှတ်ခြင်းမခံရတဲ့ ရိုဟင်ဂျာပေါင်း ၁,၀၀၀ ကျော်ဟာ ထိုင်းနဲ့ တခြားနိုင်ငံတွေကို ခိုးဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG