ဧပြီ ၁၃၊ ၂၀၀၉ - တကမ္ဘာလုံးမှာ စီးပွားရေးဆုတ်ယုတ်ကျဆင်းရတာဟာ အမေရိကန်
က
အိမ်ခြံမြေ ဈေးကွက် ကမောက်ကမဖြစ်ရာကနေ အစပြုခဲ့တယ်လို့ သတ်မှတ်ကြပါ
တယ်။ အိမ်ခြံမြေဈေးကွက်
ဖရိုဖရဲဖြစ်ရာကနေ ဒီဈေးကွက်နဲ့ ဆက်စပ်နေတဲ့ ငွေချေး
လုပ်ငန်းတွေ၊ အစုရှယ်ယာလုပ်ငန်းတွေ၊
အာမခံလုပ်ငန်းကြီးတွေ၊ စီးပွားရေးကုမ္ပဏီ
ကြီးတွေ၊ ဘဏ်တွေ တသီတတန်း ဆက်ထိကုန်ကြပါတယ်။
ငွေချေးလုပ်ငန်းတွေ၊ ဘဏ်တွေ အထိနာကုန်တဲ့အတွက် နောက်ထပ် ငွေတွေ ထုတ်
မချေးနိုင်တော့တဲ့အပြင်
နဂိုချေးထားပြီးသားငွေတွေအတွက် အတိုးနှုန်းတွေလျှော့ပေါ့
ပေးဖို့ဆိုတာကလည်း မဖြစ်နိုင်တော့ပါဘူး။
ဘဏ္ဍာငွေကြေးလုပ်ငန်းတွေ ထိခိုက်ကုန်
ပြီးတဲ့နောက်တဆင့်မှာတော့ တခြားစီးပွားရေးလုပ်ငန်းတွေ၊
စက်မှုကုန်ထုတ်လုပ်ငန်း
တွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ စသည်အားဖြင့် ဆက်ပြီးထိခိုက်ပါတယ်။
ဒီတော့
လုပ်ငန်းတွေက အရှုံးနည်းအောင်၊ စရိတ်သက်သာအောင်ဆိုပြီး အလုပ်သမားတွေ
ဝန်ထမ်းတွေ
လျှော့ချကြပါတော့တယ်။ ဒီမှာတင် နောက်ဆုံးမှာ လာပြီး စုပြုံခံကြရ
တာကတော့ စားသုံးသူတွေပါပဲ။
အမေရိကန်နိုင်ငံသားတွေရဲ့ ပိုင်ဆိုင်ပစ္စည်းအများစုဟာ အကြွေးနဲ့ဝယ်ထားကြတာက
များပါတယ်။ အကြွေးအများဆုံးပေးပြီး ဝယ်ထားကြတာကတော့ အိမ်တို့ ကားတို့ပါပဲ။
စီးပွားရေးမကောင်းလို့
အလုပ်သမားလျှော့ချတဲ့ထဲ ပါသွားကြသူတွေအဖို့ လစဉ်ဝင်ငွေ
မရှိတော့တဲ့နောက်မှာတော့ ဝယ်ထားတဲ့
အိမ်တွေ၊ ကားတွေအတွက် အရစ်ကျသွင်းနေ
ရတဲ့ငွေကို လစဉ်ပုံမှန် ဆက်ပေးနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။
ကားက
တော့ မပေးနိုင် ပြန်အပ်လိုက်လို့ ရနိုင်သေးပေမယ့် အိမ်ကတော့ ကိုယ်ကမပေးနိုင်
တော့ဘူးဆိုတာနဲ့
ကိုယ့်ကိုငွေထုတ်ချေးထားတဲ့ဘဏ်က သိမ်းလိုက်တော့တာပါပဲ။
အဲဒီလိုဖြစ်တာကို အင်္ဂလိပ်စကားနဲ့
Foreclosure လို့ခေါ်ကြပါတယ်။ အိမ်ကို ပြန်ပြီး
အသိမ်းခံရမှတော့ ကိုယ့်မိသားစု အိုးအိမ်မဲ့ဖြစ်သွားပါပြီ။
အလုပ်လက်မဲ့ဖြစ်၊ အိုးအိမ်မဲ့ဖြစ်ကြရတဲ့သူတချို့ဆိုရင်
သူတို့ခံစားရတာတွေကနေ
ဒေါသတွေအဖြစ်ပြောင်းလဲပြီး ဆန္ဒပြတာတွေတောင်မှရှိခဲ့ပါတယ်။
အိမ်သိမ်းခံကြရတဲ့ အိမ်ပိုင်ရှင်ဟောင်းအများစုဟာ အိမ်ခန်းပြန်ငှားနေကြပေမယ့်
အလုပ်ပြုတ်သွားတဲ့ ဒါမှမဟုတ် အိမ်လက်လွတ်သွားတဲ့ တခြားလူတွေကတော့
သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့
အတူသွားနေကြပါတယ်။ တချို့ကျတော့ ဈေးပေါတဲ့
မော်တယ်လေးတွေ၊ ဒါမှမဟုတ် သူတို့ရဲ့ကားတွေကို
ကားရပ်တဲ့နေရာတွေမှာ ရပ်ထား
ပြီး အဲဒီထဲမှာနေကြရပါတယ်။ ကာလီဖိုးနီးယားပြည်နယ်ရဲ့ တချို့နေရာတွေမှာဆိုရင်
ရွက်ဖျင်တဲတွေထိုးပြီးနေကြလို့ ရွက်ဖျက်တဲမြို့လို့ အမည်တပ်ကြတဲ့နေရာတွေတောင်မှ
ပေါ်လာပါတယ်။
အိုးအိမ်မဲ့တွေကို ဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်းအဖွဲ့အစည်းတွေက
အကူအညီပေးတာ
တွေရှိသလို အစိုးရမဟုတ်တဲ့ တခြားအဖွဲ့အစည်းအများအပြားကလည်း အကူအညီပေး
နေကြပါတယ်။
Rebecca Isaacs ဟာ လော့စ်အိန်ဂျလိစ် အိုးအိမ်မဲ့အကူအညီပေးရေး
အဖွဲ့က တာဝန်ရှိသူတဦးပါ။
ဒီအဖွဲ့ဟာ အိုးအိမ်မဲ့တွေအတွက် အစီအစဉ် ရာနဲ့ချီပြီးတော့
ဆောင်ရွက်ပေးနေပါတယ်။ အိမ်လက်လွတ်သွားတဲ့လူတိုင်း
လမ်းပေါ်ရောက်သွားတာ
မဟုတ်ပေမယ့် အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရပါတယ်လို့ သူကပြောပါတယ်။
"ယာယီအိုးအိမ်မဲ့သွားတဲ့လူတွေကို မိသားစုဝင်တယောက်ယောက်က
ကူညီတာ၊
တယောက်ယောက် အလုပ်ရသွားတာ၊ ဒါမှမဟုတ် တခြားအိမ်ခန်းတခုခုရသွားတာမျိုး
နဲ့ အများစုဟာ
သူတို့ပြဿနာကို ဖြေရှင်းနိုင်ကြပါတယ်။ ဒါပေမယ့် အဲဒီလို မဖြေရှင်းနိုင်
တဲ့လူတွေအတွက်တော့
အခုအချိန်ဟာ အရမ်းကို ခက်ခဲကျပ်တည်းတဲ့အချိန်ပါပဲရှင်။"
မစ်ရှင်အဖွဲ့တွေနဲ့ တခြား အကူအညီပေးအဖွဲ့အစည်းတွေက အိုးအိမ်မဲ့တွေအတွက်
အစားအစာနဲ့ ယာယီဂေဟာတွေ ဖန်တည်းပေးပါတယ်။ ဒီလူတွေအတွက် စားရေးကို
အလွယ်တကူကူညီနိုင်ပေမယ့်
ပြဿနာက နေရေးပါ။ အိုးအိမ်မဲ့အားလုံးအတွက်
ဂေဟာတွေ အလုံအလောက်မရှိပါဘူး။ လော့စ်အိန်ဂျလိစ်မှာဆိုရင်
နဂိုစာရင်းဟောင်း
တွေအရ အိုးအိမ်မဲ့အရေအတွက်က ၇၀,၀၀၀ လောက်ရှိပြီး ယာယီဂေဟာတွေမှာက
အိပ်ရာ ၁၅,၀၀၀ ပဲရှိပါတယ်။
သြစတြေးလျလူမျိုးတဦးဖြစ်တဲ့ Marcus Proctor ဟာ သရုပ်ဆောင်အလုပ်ကို
အလွန်
အမင်းစိတ်ဝင်စားသူပါ။ ဒါပေမဲ့လည်း စီးပွားပျက်တဲ့ထဲမှာ ဟောလီးဝုဒ်ရုပ်ရှင်လောက
လည်း
ပြေးမလွတ်တဲ့အခါကျတော့ အချိန်ပိုင်း သာမန် သရုပ်ဆောင်အလုပ်လေး
လောက်တောင်မှ ရှာမရဖြစ်နေပါတယ်။
သူကတော့ မလျှော့တမ်းဇွဲနဲ့ အိုးအိမ်မဲ့ဘဝနဲ့
ပဲ လမ်းပေါ်မှာဆက်နေပြီး သူဖြစ်ချင်လှတဲ့
သရုပ်ဆောင်ဘဝကိုရောက်နိုင်ဖို့ ကြိုးစား
သွားမယ်လို့ပြောပါတယ်။
"ဟုတ်တယ်ဗျာ၊ အလုပ်က အရမ်းရှာရခက်တယ်။ ပိုက်ဆံပေးမယ့်အလုပ်မျိုး
ကျနော်
တခုမှ ရှာမတွေ့သေးဘူး။ ဒါပေမယ့် ကျနော်က ဒီ သရုပ်ဆောင်အလုပ်ကိုပဲ ခုံမင်တယ်။
ဒါကြောင့် ပျင်းစရာကောင်းတဲ့ အချိန်ပြည့်အလုပ်တခုမှာ ဦးနှောက်အသေခံမယ့်အစား
လမ်းပေါ်မှာနေပြီးတော့ပဲ
ကျနော်ဖြစ်ချင်တာကို ရအောင်လုပ်မယ်။"
စီးပွားရေးအခြေအနေက ဆိုးလာတာနဲ့အတူ အလုပ်တခုခုရဖို့က ခက်နေပါတယ်။
ဒီ
ဖိအားအောက်မှာ အိုးအိမ်မဲ့အများအပြားဟာ မူးယစ်ဆေးဝါး ဒါမှမဟုတ် အရက်စွဲ
တာနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ခံစားလာကြရပါတယ်။
အိုးအိမ်မဲ့ဖြစ်ရတာဟာ လူမှုရေးဆိုင်ရာ တခြားပြဿနာတွေနဲ့
ချိတ်ဆက်နေပြီး ဒီ
အတွက်အဖြေဟာ ပြည့်စုံရမယ်လို့ အကူအညီပေးနေသူတွေကပြောပါတယ်။ ဒီထဲမှာ
ကျန်းမာရေးစောင့်ရှောက်မှုကို ပိုပြီးကောင်းကောင်းမွန်မွန် ခံယူနိုင်ဖို့၊ မူးယစ်ဆေးဝါး
နဲ့ အရက်စွဲတာတွေအတွက် လူမှုဝန်ဆောင်လုပ်ငန်း ကောင်းမွန်ဖို့၊ အလုပ်အကိုင် ဒါမှ
မဟုတ် နေအိမ်
လက်လွတ် ဆုံးရှုံးရသူတွေအတွက် ပိုပြီးကောင်းမွန်တဲ့ လူမှုလုံခြုံရေး
ကွန်ယက်တွေ ပါဝင်ပါတယ်။
အားလုံးထဲမှာ အလိုအပ်ဆုံးကတော့ စီးပွားရေး
ဆုတ်ယုတ်ကျဆင်းတဲ့အချိန်မှာ အကာအကွယ်အမဲ့ဆုံးနဲ့
စီးပွားရေးအခြေအနေ
လှေခါးထစ်အဆင့်မှာ အောက်ဆုံးရောက်နေသူတွေအတွက် ပိုပြီးသက်သာတဲ့
တန်ဖိုးနည်းအိမ်ရာတွေ လိုအပ်နေပါတယ်လို့လည်း ကူညီသူတွေက အကြံပေးကြပါ
တယ်။
စီးပွားရေးဆုတ်ယုတ်ကျဆင်းတယ်ဆိုတာကို လူတွေ အလုပ်ပြုတ်တယ်၊
အိုးအိမ်မဲ့ဖြစ်
တယ်၊ ဝင်ငွေနည်းသွားတယ်၊ လုပ်ငန်းတွေ ပျက်စီးတယ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု
လျော့တယ်ဆိုတာတွေလောက် မြင်လို့မရပါဘူး။ ဒါတွေရဲ့နောက်ကွယ်မှာ ကုစားရ
ခက်ခဲတဲ့၊ နာတာရှည်ဖြစ်သွားနိုင်တဲ့
လူမှုရေးဆိုးကျိုးတွေ တပုံတပင်တွဲပါနေပါတယ်။
အလုပ်ပြုတ်၊ အိမ်ထောင်ကွဲ၊ ဘဝပျက်ရတဲ့ဒဏ်ကို မခံနိုင်ကြလို့
ကိုယ်တိုင်သာမက
မိသားစုကိုပါ အဆုံးစီရင်လိုက်ကြတဲ့ သတင်းတွေကိုလည်း ကြားခဲ့ကြရဖူးမှာပါ။
ဒါ့အပြင် အစိုးရအဖွဲ့အကြီးအကဲတချို့ဆိုရင် ရာထူးကနုတ်ထွက်ပေးလိုက်ရတဲ့ထိ
စီးပွားရေး
ဆုတ်ယုတ်တဲ့ဒဏ်ရဲ့ဂယက်ကို ခံကြရပါတယ်။
ဒီသီတင်းပတ်တွေအတွင်းမှာတော့ တောက်လျှောက်လိုကျနေခဲ့တဲ့
အစုရှယ်ယာ
ဈေးနှုန်းတွေ ပြန်ပြီးတော့ တက်ရိပ်ပြလာပါတယ်။ အမေရိကန်က အဓိကဘဏ်ကြီး
တချို့
အမြတ်ပြန်ထွက်လာတယ်ဆိုတဲ့ သတင်းကောင်းတွေလည်း ကြားလာရပါပြီ။
အပြည့်အ၀ ပြန်ပြီးနာလန်ထူလာဖို့က
နှစ်နဲ့ချီအချိန်ယူရဦးမှာဖြစ်ပေမယ့် အလုပ်ပြုတ်
သတင်း၊ အိုးအိမ်မဲ့သတင်းနဲ့ တခြား သတင်းဆိုးတွေကြားထဲမှာ
အခြေအနေ
နည်းနည်းကောင်းလာပြီဆိုတဲ့ သတင်းလေးပဲဖြစ်ပါစေ ဈေးကွက်နဲ့ စားသုံးသူတွေကို
အားတက်စေမှာကတော့ အသေအချာပဲဖြစ်ပါတယ်။