သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုလွတ်ရေး ကုလအတွင်းရေးမှူးချုပ် အမေရိကန် အမတ်များနှင့် ရပ်တည်


အမေရိကန် အထက်လွှတ်တော် အမျိုးသမီးအမတ် ၁၀ ယောက်ထံက မြန်မာစစ်အစိုးရအပေါ် တိုးပြီး ဖိအား ပေးဖို့ တိုက်တွန်း တဲ့ စာတစောင် လက်ခံရရှိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဆိုပါတယ်။ မြန်မာပြည်မှာ နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမေရိကန် အထက်လွှတ်တော် အမတ် များ နည်းတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း စိုးရိမ် ပူပန်ပါကြောင်း၊ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်ရေး ဘန်ကီမွန်းက ဆက်လက် ဖိအားပေးသွားမယ်လို့ ကုသလမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ဗုဒ္ဓဟူးနေ့က ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ရှေ့နှစ်ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲ ပယ်ဖျက်ရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ ဆောင်ရွက် ပေးဖို့ တိုက်တွန်းထားတဲ့ စာတစောင်ကို အမျိုးသမီး လွှတ်တော်အမတ် ၁၀ ယောက် ရေးသား ပေးပို့ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ မှာ စစ်ပွဲအကြောင်းပြု မုဒိန်းကျင့်နေတာတွေ ပပျောက်ရေး လိုအပ်ကြောင်းကိုလည်း မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အမျိုးသမီး အထက်လွှတ်တော်အမတ်များအဖွဲ့ရဲ့ စာမှာ ထောက်ပြထားပါတယ်။

အနောက်တိုင်းခေါင်းဆောင်များက စစ်အစိုးရရဲ့ ဖွဲ့စည်းပုံသစ်ကို ရှုတ်ချထားပြီး ရှေ့နှစ် ရွေးကောက်ပွဲဆိုတာကလည်း စစ်တပ် အာဏာ ဆုပ်ကိုင်ထားရေးအတွက် လုပ်ထားတဲ့ ရွေးကောက်ပွဲအတုကြီးလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG