သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းပဋိပက္ခ ဆွေးနွေးသုံးသပ်


အစောပိုင်းကာလမှာ အဝါရောင်ဝတ်စုံဝတ် လူထုဆန္ဒပြ ကန့်ကွက်မှု နဲ့ စစ်တပ်အာဏာသိမ်းကာ ရာထူးမှဖယ်ရှားခြင်းခံခဲ့ရပြီး ပြည်ပနိုင်ငံတနိုင်ငံမှာ ခိုလှုံနေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နဝတ် (Thaksin Shinawatra) ကို ထောက်ခံတဲ့ အနီရောင်ဝတ်အုပ်စုများက ထိုင်းနိုင်ငံတဝှမ်း နဲ့ ဘန်ကောက်မြို့တော်တို့မှာ လက်ရှိအာဏာရအစိုးရ အဘီဆစ် ဝပ်ချာချီဝ (Abhisit Vejjajiva) ကို ရာထူးမှ နုတ်ထွက်ဖို့ တောင်းဆိုဆန္ဒပြမှုများ ဖြစ်ပွားလာခဲ့ရာ ရက်သတ္တပတ် သုံးပတ်ကျော် ကြာလာပြီးနောက် ဆန္ဒပြသူများက အင်အားလှုပ်ရှားမှု အရှိန်တိုးမြင့်ကာ နိုင်ငံတော် လွတ်တော်အဆောက်အဦးကို ပိတ်ပင်တားမြစ်ထားခြင်း၊ ပတ္တရာကမ်းခြေ (Pataya Beach) မှာ ကျင်းပပြုလုပ်မယ့် အာဆီယံအစည်းအဝေးကို ဝင်ရောက်တိုက်ခိုက်ခြင်း နဲ့ ဝန်ကြီးချုပ်ကားကို တိုက်ခိုက်ခြင်းများကို စတင်လုပ်ကိုင်လာခဲ့သည်။ ဆန္ဒပြသူများ အကြမ်းဖက်မှုတွေ လုပ်ကိုင်လာမှုကြောင့် ဝန်ကြီးချုပ်က နိုင်ငံတော်အရေးပေါ် ကြေငြာချက်ထုတ်ပြန်ပြီး အကြမ်းဖက်ဆန္ဒပြသူများအား စစ်တပ်၊ ရဲတပ်ဖွဲ့များ နဲ့ တုန့်ပြန်နှိမ်နှင်းမှုများ ပြုလုပ်ခဲ့သည်။ ရက်ပိုင်းအတွင်း စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြခေါင်းဆောင်အချို့ကို ဖမ်းဆီးထိန်းသိမ်းကာ ဆန္ဒပြပွဲများကို အောင်မြင်စွာ ရပ်တန့်ထိန်းချုပ်နိုင်ခဲ့တယ်။

ဒီလို စစ်တပ်အင်အားသုံး ဖြိုခွင်မှုကြောင့် လူထုဆန္ဒပြပွဲတွေ ရပ်တန့်သွားပေမယ့် အစိုးရ နဲ့ အတိုက်အခံလူထုကြား အခြေအနေတွေက တင်းမာလျှက်ရှိနေပြီး ဆန္ဒပြမှုတွေ ပြန်လည်ဖြစ်ပွားနိုင်တယ်လို့ လေ့လာသုံးသပ်သူများက ပြောဆိုကြပါတယ်။ ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံ လူထုဆန္ဒပြမှုများ နဲ့ နိုင်ငံရေး အခြေအနေကို ပိုမိုသိရှိနိုင်ဖို့ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - လွတ်မြောက်နယ်မြေ တာဝန်ခံ ဦးညိုအုန်းမြင့် နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရောက်နေ ဗွီအိုအေမြန်မာသတင်းဌာန သတင်းထောက် ကိုအောင်လွင်ဦး တို့ရဲ့ အမြင်သဘောထား သုံးသပ်ချက်များကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG