ဧပြီ ၁၈၊ ၂၀၀၉ - တရုတ်-မြန်မာနယ်စပ်ဒေသတွေဖြစ်တဲ့ အထူးဒေသ (တစ်) ကိုးကန့်နယ်မြေ၊ အထူးဒေသ (နှစ်) 'ဝ' နယ်မြေ နဲ့ အထူးဒေသ (လေး) မိုင်းလားဒေသတွေမှာ ၁၉၉၅ ခုနှစ်တည်းက ဘိန်းစိုက်ပျိုးရေးကို ပိတ်ပင်ထားခဲ့ပါတယ်။ ဒါပေမယ့် တခြားဒေသနယ်မြေတွေမှာ ဘိန်းစိုက်ပျိုးကြတဲ့အတွက် လွန်ခဲ့တဲ့နှစ်များထက် ဘိန်းအထွက်နှုန်းတိုးလာတယ်လို့ ကုလသမဂ မူးယစ်ဆေးဝါးစောင့်ကြည့်ရေးဌာနက ဆိုပါတယ်။ ရှမ်းပြည်နယ်အရှေ့တောင်ပိုင်းက မြို့နယ် (၇) နယ်ကို စစ်တမ်းကောက်တဲ့အခါမှာ ဘိန်းစိုက်တဲ့ ဧရိယာ ပိုမိုကျယ်ပြန့်လာတာတွေ့ရတယ်လို့ လားဟူအမျိုးသား တိုးတက်ဖွံ့ဖြိုးရေးအဖွဲ့ရဲ့ (Lahu National Development Organization) ဧပြီလထုတ် Undercurrents: Monitoring Development on Burma’s Mekong စာစောင်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု အခြေအနေ နဲ့
လားဟူအဖွဲ့ရဲ့ အစီရင်ခံစာပါ တင်ပြချက်များကို ဆောင်းပါးရှင် ဦးအောင်ခင်
က မညိုညိုလွင် (ဗွီအိုအေမြန်မာသတင်းဌာန) နဲ့အတူ သုံးသပ်ဆွေးနွေး
တင်ပြထားပါတယ်။