ဘီဂျလီ ဆိုင်ကလုန်းမုန်တိုင်းဟာ သောကြာနေ့ညတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကို တိုက်ခတ်သွားလို့ ကမ်းရိုးတန်း ဒေသမှာ နေထိုင်ကြသူ ထောင်ပေါင်းများစွာတို့ကို ဘေးကင်းရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ စစ်တကောင်း နဲ့ ကော့ဘဇာ ဆိပ်ကမ်းတွေကို တနာရီ ၅၆ မိုင်နဲ့ တိုက်ခတ်သွားတဲ့အတွက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ အပျက်အစီး အသေ အပျောက် စာရင်းတော့ လောလောဆယ် မသိရသေးပါဘူး။
အဲဒီ ဘီဂျလီ မုန်တိုင်းဟာ စနေနေ့မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ခရစ်ပူရာ ပြည်နယ်ဘက်ဆီကို ရွေ့လျားသွားပြီး တစတစနဲ့ အားနည်းသွားပြီလို့ သက်ဆိုင်ရာက ကြေညာပါတယ်။
အိမ်နီးနားချင်း မြန်မာနိုင်ငံမှာလည်း အနောက်ပိုင်း ကမ်းရိုးတန်း နေထိုင်သူများ ကြိုတင်ပြင်ဆင်ကြဖို့ စနေနေ့မှာ ၆ ပေကနေ ၈ ပေအထိ လှိုင်းကြီးနိုင်ကြောင်း စသဖြင့် စောစောပိုင်းမှာ သတိပေးထားခဲ့ပါတယ်။