သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးဘားနဲ့ စာမျက်နှာသစ်ဖွင့်နိုင်ရေး အမေရိကန်ကြိုးပမ်း


ကျူးဘားအစိုးရနဲ့ လူ့အခွင့်အရေး၊ အခြေချနေထိုင်မှု၊ စီးပွားရေး စတဲ့ ကျယ်ဝန်းတဲ့ ကိစ္စများနဲ့ပတ်သက်ပြီး နိဒါန်းသစ်တရပ် အမေရိကန်က ရှာဖွေနေတယ်လို့ အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) က ပြောပါတယ်။ Trinidad and Tobago က အမေရိကန်တိုက်များ ထိပ်သီးစည်းဝေးပွဲအဖွင့်အတွက် ပြင်ဆင်ရင်း အမေရိကန်သမ္မတ က သောကြာနေ့မှာ အဲဒီလို ပြောကြားတာပါ။

အပြောသက်သက်နဲ့ အဲဒီလိုပြောနေကြတာတွေကိုတော့ စိတ်မဝင်စားဘူး။ အမေရိကန်-ကျူးဘား ဆက်ဆံရေး ဦးတည်ချက် အသစ်ဘက်ဆီ ရွေ့လျားသွားတာကိုပဲ လိုလားတယ်လို့ သမ္မတ အိုဘားမား က ပြောကြားပါတယ်။ ကျူးဘားအပေါ် ထားရှိတဲ့ ၅၇ နှစ်ကြာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး တောင်အမေရိကား ခေါင်းဆောင်တချို့က လိုလားကြပြီး အဲဒီပိတ်ဆို့မှုကို ကန့်ကွက်တဲ့အနေနဲ့ ထိပ်သီးစည်းဝေးပွဲ အပြီးသတ် ကြေညာချက်ကို သူနဲ့ သူ့မဟာမိတ်များက ကန့်ကွက်မဲ ပေးကြမယ်လို့ ဗင်နီဇွဲလား (VeneZuela) သမ္မတ ဟူဂိုချာဗဇ် (Hugo Chavez) က ပြောပါတယ်။

ကျူးဘားအပေါ်ထားရှိတဲ့ အမေရိကန် ဝါဒသဘောထား မအောင်မြင်လို့ သမ္မတ အိုဘားမား အစိုးရက ပြန်လည် စမ်းစစ်နေပြီ လို့ နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန် က ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG