ဒီမိုကရေစီစံနစ်ဆီ ကူးပြောင်းနိုင်ဖို့အတွက် မီဒီယာတွေရဲ့အခန်းကဏ္ဍဟာ ဘယ်လောက် အရေးပါပါသလဲ။ စစ်မှန်တဲ့ မီဒီယာဆိုတာ အာဏာရှင် စနစ်အောက်မှာတမျိုး၊ အသွင်ကူးပြောင်းရေးကာလမှာ တနည်း၊ ဒီမိုကရေစီ ထွန်းကားလာတဲ့အခါ တပုံစံဆိုပြီး အခြေအနေလိုက် ပြောင်းလဲ သင့်ပါသလား ဆိုတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးနိုင်ဖို့အတွက် သတင်းစာ ဆရာကြီးလည်းဖြစ်၊ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်တဲ့ နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝင်းတင်၊ မြန်မာ့ သတင်းသမဂ္ဂအဖွဲ့ ဥက္ကဌ ဦးမောင်မောင်မြင့် တို့နဲ့ ပရိတ်သတ်တွေကို ဦးကျော်ဇံသာက တွေ့ဆုံ ပေးထားပါတယ်။