သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီယာပင်လယ်ဓားပြ နောက်ထပ်သင်္ဘောနှစ်စီး ပြန်ပေးဆွဲ


မနေ့က ဆိုမာလီယာ ပင်လယ်ဓားပြတွေဟာ အာဖရိကတိုက် အရှေ့မြောက်စွန် ကမ်းလွန်တနေရာမှာ နောက်ထပ် သင်္ဘော နှစ်စီးကို ပြန်ပေးဆွဲလိုက်ပြန်ပါပြီ။ နေတိုးအဖွဲ့ကြီးရဲ့ တပ်မှူးတစ်ဦးရဲ့အဆိုအရ ပင်လယ်ဓားပြတွေဟာ စစ္စလီကျွန်းဘက်ကို ဦးတည်နေတဲ့ ဘယ်လ်ဂျီယံ (Belgian) သင်္ဘောတစ်စီးကို ပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ်။ အဲဒီသင်္ဘောမှာ စီးနင်းလိုက်ပါလာတဲ့ အမှုထမ်း ၁၀ ဦးထဲက ၂ ဦးဟာ ဘယ်လ်ဂျီယံ နိုင်ငံသားတွေဖြစ်ပြီး ၄ ဦးက ခရိုအေးရှ (Croatia) နိုင်ငံသား၊ နောက် ၃ ဦးက ဖိလစ်ပိုင်နိုင်ငံသားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

နောက်တခါ အေဒင်ပင်လယ်ကွေ့တစ်နေရာမှာလည်း မာရှယ်လ် (Marshall) ကျွန်းစုနိုင်ငံအလံ လွှင့်ထူထားတဲ့ သင်္ဘောတစီး အတိုက်အခိုက်ခံခဲ့ရတယ် ဆိုတဲ့ အချက်ပေး Signal ကို ဖမ်းယူသိရှိခဲ့ရတယ်လို့ နေတိုးအဖွဲ့ရဲ့ တပ်မှူးတစ်ဦးက ပြောခဲ့ပါ တယ်။ ဒီအချက်ပေး Signal ကိုရလို့ တုံ့ပြန်ခဲ့တဲ့ ဒတ်ချ်တပ်ဖွဲ့တွေက အဲဒီပင်လယ်ဓားပြတွေနဲ့ ထိပ်တိုက်တွေ့ပြီး နောက်ထပ် သင်္ဘောတစ်စီးမှာ ပြန်ပေးဆွဲခံထားရတဲ့ ယေမန် (Yemen) နိုင်ငံသား အယောက်၂၀ကို ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီ သင်္ဘော မှာ အခြေပြုပြီး ပင်လယ်ဓားပြတွေက လှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG