သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကနိုင်ငံများ ထိပ်သီးညီလာခံ  သမ္မတအိုဘားမား သံတမန်ရေး အမြတ်ထွက်


ဒေသတွင်း သဘောထားကွဲတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးတက်စေဖို့ အမေရိကန် သမ္မတ Barack Obama ရဲ့ အားထုတ်မှု အပေါ် Trinidad and Tobago ကျွန်းနိုင်ငံမှာ ဒီကနေ့ ပြီးဆုံးသွားတဲ့ အမေရိကတိုက် နိုင်ငံများ ထိပ်သီး ညီလာခံမှာ ခေါင်းဆောင်တွေက ချီးမွမ်းခဲ့ကြပါတယ်။ ဒီ ထိပ်သီးညီလာခံမှာ အမေရိကန်နိုင်ငံနဲ့ အမေရိကန် မူဝါဒတွေကို အရင်ကတည်းက ဝေဖန်နေတဲ့ Venezuela သမ္မတ Hugo Chzvez နဲ့ သမ္မတ Obama တို့ အတူ တွေ့ဆုံနိုင်ခဲ့ကြပါတယ်၊ စနေနေ့က Mr. Chavez က Mr. Obama ကို လက်ဆွဲနှုတ်ဆက်ပြီး လက်တင်အမေရိကနိင်ငံတွေမှာ နိုင်ငံခြားရဲ ့ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုအကြောင်း ရေးသားထားတဲ့ စာအုပ်ကို လက်ဆောင်ပေးခဲ့ပါတယ်။ အမေရိကန်နဲ့ ပုံမှန် သံတမန်ဆက်ဆံရေး ပြန်စဖို့ အမေရိကန်ဆိုင်ရာ သံအမတ်ကြီးကို Washington ကို စေလွှတ်ဖို့လည်း Venezuela သမ္မတက ကမ်းလှမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ September လတုန်းက နှစ်ဖက်လုံးက သံအမတ်ကြီးတွေကို အပြန်အလှန် နိုင်ငံကနေ နှင်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ Venezuela နိုင်ငံရဲ့ အနီးကပ်ဆုံး မိတ်ဆွေနိုင်ငံဖြစ်တဲ့ Cuba နိုင်ငံနဲ့ ဆက်ဆံရေးသစ် ပြန်စချင်တယ်လို့ အမေရိကန် သမ္မတ က ပြောခဲ့ပြီး နောက်မှာ Mr Chavez က ခုလို သမ္မတ Obama နဲ့ ထိတွေ့ဆက်ဆံလာတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ Cuba နိုင်ငံကြား ဆက်ဆံရေးမှာ အပြောင်းအလဲကို မြင်ချင်တယ်။ ဒါပေမဲ့ ကွန်မြူူနစ် Cuba နိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိုလည်း မြင်တွေ့ချင်တယ်လို့ သမ္မတ Obama က ပြောခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG